• Local Sports

    အသင်းမရလို့ ကာတာမှာ မြန်မာအသင်း ခြေစမ်းပွဲ ကစားတော့မှာ မဟုတ်

Kyawko Ko
[Unicode Version]

ကာတာနိုင်ငံကို အောက်တိုဘာ ၁၇ ရက်နေ့ကတည်းက ရောက်နေတာ ဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိမှာပါ။

44447722_1221030898035720_4201461154976890880_o.jpg

Photo - MFF

 

ကာတာနိုင်ငံမှာ နေထိုင်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းကတော့ ခြေစမ်းပွဲ ၅ ပွဲကစားဖို့ စီစဉ်ထားပေမယ့် ၃ ပွဲသာ ကစားထားနိုင်ပါ သေးတယ်။

ဆူဇူကီးအတွက် လိုအပ်နေတဲ့ လေးကြောင်းမျဉ်း 

လက်ကျန် ခြေစမ်းပွဲ ၂ပွဲအတွက်လည်း အဆင်မပြေလို့ ကစားနိုင်ခြင်း မရှိတော့ပဲ ကာတာနိုင်ငံမှာ လေ့ကျင့်ရေးတွေသာ ပြုလုပ်တော့မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

44929466_1226071887531621_4448836341920169984_o.jpg

Photo - MFF

 

မြန်မာအသင်းအနေနဲ့ ကာတာနိုင်ငံမှာ ခြေစမ်းပွဲ ၃ ပွဲကစားပြီးချိန်မှာတော့ ကာတာလိဂ် ချန်ပီယံအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပြီး ကာတာ တပ်မ တော်အသင်းကို ပထမပွဲမှာ ၂ ဂိုးစီ သရေ၊ ဒုတိယပွဲမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အဲ့မတိုင်ခင်က ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲ ၃ပွဲထိ ကစားခဲ့ပြီး အင်ဒိုနီးရှား၊ဘိုလီးဗီးယားနဲ့ ဘာရိန်းအသင်းတို့နဲ့ကစားခဲ့ရာမှာတော့ ရှုံးပွဲဆက် ခဲ့ပါတယ်။

44992567_1226619694143507_361848641045921792_o.jpg

Photo - MFF

 

မြန်မာနိုင်ငံကိုတော့ လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ မန္တလေးမြို့ကို ဆက်လက်ထွက်ခွာပါမယ်။

မန္တလေးမြို့မှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဆူဇူကီးဖလား အဖွင့်ပွဲကို စတင်ကစားမှာ ဖြစ်ပြီး ၁၆ ရက်နေ့မှာတော့ လာအိုနိုင်ငံကို သွားရောက်ကစားပါမယ်။

[Zawgyi Version]

ကာတာႏိုင္ငံကို ေအာက္တိုဘာ ၁၇ ရက္ေန႔ကတည္းက ေရာက္ေနတာ ျဖစ္ၿပီး ႏို၀င္ဘာလ ၅ ရက္ေန႔မွာေတာ့ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ ရွိမွာပါ။

Photo - MFF

 

ကာတာႏိုင္ငံမွာ ေနထုိင္ေလ့က်င့္ေနတဲ့ ျမန္မာ့လက္ေရြးစင္အသင္းကေတာ့ ေျခစမ္းပြဲ ၅ ပြဲကစားဖို႔ စီစဥ္ထားေပမယ့္ ၃ ပြဲသာ ကစားထားႏိုင္ပါ ေသးတယ္။

ဆူဇူကီးအတြက္ လိုအပ္ေနတဲ႔ ေလးေၾကာင္းမ်ဥ္း 

လက္က်န္ ေျခစမ္းပြဲ ၂ပြဲအတြက္လည္း အဆင္မေျပလို႔ ကစားႏိုင္ျခင္း မရွိေတာ့ပဲ ကာတာႏိုင္ငံမွာ ေလ့က်င့္ေရးေတြသာ ျပဳလုပ္ေတာ့မယ္လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ တာ၀န္ရွိသူတစ္ဦးကေျပာပါတယ္။

Photo - MFF

 

ျမန္မာအသင္းအေနနဲ႔ ကာတာႏိုင္ငံမွာ ေျခစမ္းပြဲ ၃ ပြဲကစားၿပီးခ်ိန္မွာေတာ့ ကာတာလိဂ္ ခ်န္ပီယံအသင္းကို ၂-၁ ဂိုးနဲ႔ ရႈံးခဲ့ၿပီး ကာတာ တပ္မ ေတာ္အသင္းကို ပထမပြဲမွာ ၂ ဂိုးစီ သေရ၊ ဒုတိယပြဲမွာ ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။

အဲ့မတိုင္ခင္က ဖီဖာ အသိအမွတ္ျပဳ ေျခစမ္းပြဲ ၃ပြဲထိ ကစားခဲ့ၿပီး အင္ဒိုနီးရွား၊ဘိုလီးဗီးယားနဲ႔ ဘာရိန္းအသင္းတို႔နဲ႔ကစားခဲ့ရာမွာေတာ့ ရႈံးပြဲဆက္ ခဲ့ပါတယ္။

Photo - MFF

 

ျမန္မာႏိုင္ငံကိုေတာ့ လာမယ့္ ႏို၀င္ဘာလ ၅ ရက္ေန႔မွာ ျပန္လည္ေရာက္ရွိမယ္လို႔ သိရၿပီး ႏို၀င္ဘာလ ၈ ရက္ေန႔မွာေတာ့ မႏၱေလးၿမိဳ႕ကို ဆက္လက္ထြက္ခြာပါမယ္။

မႏၱေလးၿမိဳ႕မွာေတာ့ ႏို၀င္ဘာ ၁၂ ရက္ေန႔မွာ ကေမၻာဒီးယားအသင္းနဲ႔ ဆူဇူကီးဖလား အဖြင့္ပြဲကို စတင္ကစားမွာ ျဖစ္ၿပီး ၁၆ ရက္ေန႔မွာေတာ့ လာအိုႏိုင္ငံကို သြားေရာက္ကစားပါမယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs