• Local Sports
    ဆူဇူကီးအုပ်စု(က)ရဲ့စောင့်ကြည့်ရမယ့် ကစားသမား ငါးဦး
Wai Lin Kyaw
[Unicode Version]

အာဆီယံဒေသတွင်းရဲ့အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ အာဆီယံဆူဇူကီးချန်ပီယံရှစ်ပြိုင်ပွဲကြီး နိုဝင်ဘာ ၈ရက်ဆိုရင် စတင်ပါတော့မယ်။ အာဆီယံဒေသတွင်းနိုင်ငံတွေအားလုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီပြိုင်ပွဲကြီးမှာ နိုင်ငံ့လက်ရွေးစင်အသီးသီးက ကစားသမားတွေကလည်း ကိုယ့်နိုင်ငံအတွက် အစွမ်းကုန်ကြိုးစားကစားကြတော့မှာပါ။ မြန်မာအသင်းပါဝင်တဲ့ အုပ်စု(က)ရဲ့အသင်းတွေက စောင့်ကြည့်ရမယ့် ကစားသမားစာရင်းကို AFF Suzuki Cup တရားဝင်ဝက်ဘ်ဆိုက်ကနေထုတ်ပြန်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေကတော့……

5a69ce340515d8fedb000002.jpeg

Photo: AFF

 

ဖန်ဒက်ဟွိုင်း (ဗီယက်နမ်)

ဗီယက်နမ်လက်ရွေးစင်အသင်းရဲ့ကွင်းလယ်တောင်ပံကစားသမားပါ။ တောင်ပံတစ်လျှောက်အဆင်းအတက် ကစားပုံမြန်ဆန်ပြီး ခံစစ်နဲ့တိုက်စစ်မျှတအောင် ချိန်ညှိုကစားနိုင်စွမ်းရှိသူပါ။ အာရှယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်ခဲ့တဲ့ ဗီယက်နမ်ယူ-၂၃အသင်းနဲ့အတူ ထွန်းတောက်လာတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ဆူဇူကီးမှာ ပြိုင်ဖက်တွေအတွက် ဗီယက်နမ်ရဲ့ကျည်တစ်တောင့်ဖြစ်လာနိုင်ပါတယ်။

Norshahrul.jpg

Photo: AFF

 

နိုရှားအဒလန်တလာဟာ (မလေးရှား)

ကွင်းလယ်တိုက်စစ်အားသန်ကစားသမား။ အတွေ့အကြုံရင့်တယ်။ အသက် ၃၂နှစ်ရှိပြီ။ ၂၀၁၄ ဆူဇူကီးဖလားကတည်းက လက်ရွေးစင်အသင်းရဲ့အားထားရတဲ့ ကစားသမားတစ်ဦး။ သူကတော့ မလေးရှားလက်ရွေးစင်ကစားသမား တလာဟာပါ။ ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့ ကစားကွက်ဖန်တီးမှုအပြင် ပြင်းထန်အားပါတဲ့ ကန်ချက်တွေနဲ့ ဂိုးကန်သွင်းမှုတွေ လုပ်နိုင်ပါတယ်။ မလေးရှားလက်ရွေးစင်အသင်းရဲ့ကစားပုံအတက်အကျကို ထိန်းပေးနိုင်တဲ့ ကစားသမားမျိုးပါ။

အသင်းမရလို့ ကာတာမှာ မြန်မာအသင်း ခြေစမ်းပွဲ ကစားတော့မှာ မဟုတ် 

494331_heroa.jpg

Photo: AFF

 

ဆူကာဖုန် (လာအို)

လာအိုရဲ့ကျောနံပါတ်(၇) ကစားသမားပါ။ လာအိုအသင်းကို အဓိကမောင်းနှင်မယ့်ကစားသမားလို့ ပြိုင်ဖက်တွေက သိထားကြပါတယ်။ အသက် ၂၆နှစ်ရှိပါပြီ။ ကွင်းလယ်တိုက်စစ်ကစားသမားအနေနဲ့ လာအိုအသင်းရဲ့ရှားပါးတဲ့ နိုင်ပွဲတစ်ချို့ကို ပုံဖော်ဖန်တီးပေးထားနိုင်ပါတယ်။ လာအိုလက်ရွေးစင်အသင်းအတွက် ၄၁ပွဲအထိကစားပေးထားပြီး ၁၂ဂိုးသွင်းယူထားနိုင်ပါတယ်။

DgvyclyVMAASLC3.jpg

Photo: AFF

 

ဘရက်သီဗာ (ကမ္ဘောဒီးယား)

ကမ္ဘောဒီးယားရဲ့သူရဲကောင်းအသစ်တစ်ဦးအဖြစ် ခမာတွေက သတ်မှတ်ထားကြပါတယ်။ ကမ္ဘောဒီးယား ထိပ်တန်းကလပ် ဖနွမ်းပင်ခရောင်းအသင်းရဲ့လူငယ်တိုက်စစ်မှူး တစ်ဦးပါ။ အသက် ၁၉နှစ်ပဲရှိသေးတဲ့ သီဗာက လှုပ်ရှားမှုမြန်ဆန်တယ်။ ဖန်တီးနိုင်စွမ်းရှိတယ်။ ဂိုးသွင်းသေချာတယ်။ နည်းပြသစ် ဟွန်ဒါရဲ့ပွဲထွက်စာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူပါ။

davidhtan1.jpg

Photo: AFF

 

ဒေးဗစ်ထန်း (မြန်မာ)

ငယ်ရွယ်တဲ့ ကစားသမားတွေပါဝင်တဲ့ မြန်မာအသင်းမှာ အတွေ့အကြုံရင့်ကျက်ပြီးအသင်းကို ထိန်းကျောင်းပေးမယ့် တစ်ဦးတည်းသော ဝါရင့်ကစားသမားပါ။ ညတောင်ပံခံစစ်မှာ အတက်အဆင်းကစားနိုင်ပြီး ဖြတ်တင်ဘောတွေပြုလုပ်နိုင်သလို အခွင့်ရရင် ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ပါတယ်။ ပြိုင်ဖက်တိုက်စစ်မှူးတွေအတွက် ကျော်ဖြတ်ရခက်တဲ့ ခံစစ်ကစားသမားပါ။ အသက် ၂၈နှစ်ရှိပြီး လက်ရွေးစင်အသင်းအတွက် ၄၆ပွဲကစားထားပါတယ်။

[Zawgyi Version]

အာဆီယံေဒသတြင္းရဲ႕အျမင့္ဆံုးေဘာလံုးၿပိဳင္ပြဲျဖစ္တဲ႔ အာဆီယံဆူဇူကီးခ်န္ပီယံရွစ္ၿပိဳင္ပြဲႀကီး ႏိုဝင္ဘာ ၈ရက္ဆိုရင္ စတင္ပါေတာ့မယ္။ အာဆီယံေဒသတြင္းႏိုင္ငံေတြအားလံုးဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဒီၿပိဳင္ပြဲႀကီးမွာ ႏိုင္ငံ့လက္ေရြးစင္အသီးသီးက ကစားသမားေတြကလည္း ကိုယ္႔ႏိုင္ငံအတြက္ အစြမ္းကုန္ႀကိဳးစားကစားၾကေတာ့မွာပါ။ ျမန္မာအသင္းပါဝင္တဲ႔ အုပ္စု(က)ရဲ႕အသင္းေတြက ေစာင့္ၾကည္႔ရမယ့္ ကစားသမားစာရင္းကို AFF Suzuki Cup တရားဝင္ဝက္ဘ္ဆိုက္ကေနထုတ္ျပန္ခဲ႔ရာမွာ ပါဝင္ခဲ႔တဲ႔ ကစားသမားေတြကေတာ့……

5a69ce340515d8fedb000002.jpeg

Photo: AFF

 

ဖန္ဒက္ဟြိဳင္း (ဗီယက္နမ္)

ဗီယက္နမ္လက္ေရြးစင္အသင္းရဲ႕ကြင္းလယ္ေတာင္ပံကစားသမားပါ။ ေတာင္ပံတစ္ေလွ်ာက္အဆင္းအတက္ ကစားပံုျမန္ဆန္ၿပီး ခံစစ္နဲ႔တိုက္စစ္မွ်တေအာင္ ခ်ိန္ညွိုကစားႏိုင္စြမ္းရွိသူပါ။ အာရွယူ-၂၃ခ်န္ပီယံရွစ္ၿပိဳင္ပြဲ ဗိုလ္လုပြဲတက္ခဲ႔တဲ႔ ဗီယက္နမ္ယူ-၂၃အသင္းနဲ႔အတူ ထြန္းေတာက္လာတဲ႔ လူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး ဆူဇူကီးမွာ ၿပိဳင္ဖက္ေတြအတြက္ ဗီယက္နမ္ရဲ႕က်ည္တစ္ေတာင့္ျဖစ္လာႏိုင္ပါတယ္။

Photo: AFF

 

ႏိုရွားအဒလန္တလာဟာ (မေလးရွား)

ကြင္းလယ္တိုက္စစ္အားသန္ကစားသမား။ အေတြ႔အႀကံဳရင့္တယ္။ အသက္ ၃၂ႏွစ္ရွိၿပီ။ ၂၀၁၄ ဆူဇူကီးဖလားကတည္းက လက္ေရြးစင္အသင္းရဲ႕အားထားရတဲ႔ ကစားသမားတစ္ဦး။ သူကေတာ့ မေလးရွားလက္ေရြးစင္ကစားသမား တလာဟာပါ။ ကြင္းလယ္ကစားသမားတစ္ဦးအေနနဲ႔ ကစားကြက္ဖန္တီးမႈအျပင္ ျပင္းထန္အားပါတဲ႔ ကန္ခ်က္ေတြနဲ႔ ဂိုးကန္သြင္းမႈေတြ လုပ္ႏိုင္ပါတယ္။ မေလးရွားလက္ေရြးစင္အသင္းရဲ႕ကစားပံုအတက္အက်ကို ထိန္းေပးႏိုင္တဲ႔ ကစားသမားမ်ိဳးပါ။

အသင္းမရလို႔ ကာတာမွာ ျမန္မာအသင္း ေျခစမ္းပြဲ ကစားေတာ့မွာ မဟုတ္ 

Photo: AFF

 

ဆူကာဖုန္ (လာအို)

လာအိုရဲ႕ေက်ာနံပါတ္(၇) ကစားသမားပါ။ လာအိုအသင္းကို အဓိကေမာင္းႏွင္မယ့္ကစားသမားလို႔ ၿပိဳင္ဖက္ေတြက သိထားၾကပါတယ္။ အသက္ ၂၆ႏွစ္ရွိပါၿပီ။ ကြင္းလယ္တိုက္စစ္ကစားသမားအေနနဲ႔ လာအိုအသင္းရဲ႕ရွားပါးတဲ႔ ႏိုင္ပြဲတစ္ခ်ိဳ႕ကို ပံုေဖာ္ဖန္တီးေပးထားႏိုင္ပါတယ္။ လာအိုလက္ေရြးစင္အသင္းအတြက္ ၄၁ပြဲအထိကစားေပးထားၿပီး ၁၂ဂိုးသြင္းယူထားႏိုင္ပါတယ္။

Photo: AFF

 

ဘရက္သီဗာ (ကေမာၻဒီးယား)

ကေမာၻဒီးယားရဲ႕သူရဲေကာင္းအသစ္တစ္ဦးအျဖစ္ ခမာေတြက သတ္မွတ္ထားၾကပါတယ္။ ကေမာၻဒီးယား ထိပ္တန္းကလပ္ ဖႏြမ္းပင္ခေရာင္းအသင္းရဲ႕လူငယ္တိုက္စစ္မွဴး တစ္ဦးပါ။ အသက္ ၁၉ႏွစ္ပဲရွိေသးတဲ႔ သီဗာက လႈပ္ရွားမႈျမန္ဆန္တယ္။ ဖန္တီးႏိုင္စြမ္းရွိတယ္။ ဂိုးသြင္းေသခ်ာတယ္။ နည္းျပသစ္ ဟြန္ဒါရဲ႕ပြဲထြက္စာရင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရေနသူပါ။

Photo: AFF

 

ေဒးဗစ္ထန္း (ျမန္မာ)

ငယ္ရြယ္တဲ႔ ကစားသမားေတြပါဝင္တဲ႔ ျမန္မာအသင္းမွာ အေတြ႕အႀကံဳရင့္က်က္ၿပီးအသင္းကို ထိန္းေက်ာင္းေပးမယ့္ တစ္ဦးတည္းေသာ ဝါရင့္ကစားသမားပါ။ ညေတာင္ပံခံစစ္မွာ အတက္အဆင္းကစားႏိုင္ၿပီး ျဖတ္တင္ေဘာေတြျပဳလုပ္ႏိုင္သလို အခြင့္ရရင္ ကိုယ္တိုင္လည္း ဂိုးသြင္းယူႏိုင္ပါတယ္။ ၿပိဳင္ဖက္တိုက္စစ္မွဴးေတြအတြက္ ေက်ာ္ျဖတ္ရခက္တဲ႔ ခံစစ္ကစားသမားပါ။ အသက္ ၂၈ႏွစ္ရွိၿပီး လက္ေရြးစင္အသင္းအတြက္ ၄၆ပြဲကစားထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs