မြန်မာနဲ့ လာအိုအသင်းက ၁၆ ရက်နေ့ တွေ့ဆုံကစားပါမယ်။

မြန်မာအသင်းက လာမယ့် ၁၆ ရက်နေ့မှာ လာအိုအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လာအိုအသင်းကွင်းလယ်လူကတော့ လက်ကျန် ၂ ပွဲဖြစ်တဲ့ မြန် မာနဲ့ ကမ္ဘောဒီးယား ပွဲတွေမှာ ၆ မှတ်အပြည့်ယူမယ်လို့ ကြုံးဝါးလာပါတယ်။



Photo - Goal.com

 

အုပ်စု(က)မှာ မြန်မာအသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ လာအိုအသင်းကတော့ အဖွင့်ပွဲ ၂ပွဲကစားပြီးချိန်မှာ ဗီယက်နမ်နဲ့မလေးရှား အသင်းတွေကိုဆက်တိုက်ရှုံးနိမ့်ထားပါတယ်။

ဒုတိယပိုင်းမှာ ခြေစွမ်းပြပြီး ကမ္ဘောဒီးယားကို အနိုင်ယူခဲ့တဲ့ မြန်မာ 

ဗီယက်နမ်အသင်းကို ၃ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့သလို မလေးရှားအသင်းကိုလည်း ၃ -၁ ဂိုးနဲ့ရှုံးနိမ့်ပြီး ရမှတ်လုံး၀ ရရှိထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် လည်း အသင်းရဲ့ ကွင်းလယ်လူ ဆင်ကဖုန်းကတော့ ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ရှိသေးတယ်လို့ AFF SUZUKI CUP မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Photo - AFF SUZUKI CUP 2018

 

"မလေးရှားက အရမ်းကောင်းခဲ့လို့ ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ဒါပေမယ့် နောက်ပွဲမှာ ပိုတိုးတက်ကောင်းမွန်လာပါမယ်။ကျွန်တော်တို့ လက်ကျန် ၂ ပွဲမှာ ၆ မှတ်စလုံး ရအောင်ယူမှာပါ။" လို့ လာအိုအသင်း ကွင်းလယ်လူ ဆင်ကဖုန်းက ပြောခဲ့ပါတယ်။

လာအိုအသင်းကတော့ လက်ကျန် ၂ ပွဲမှာ မြန်မာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားမှာ ဖြစ်ပြီး ကမ္ဘောဒီးယားအသင်းကို အဝေးကွင်း သွား ကစားရပါမယ်။

Photo - AFF SUZUKI CUP 2018

 

လက်ရှိ အုပ်စုမှာ မလေးရှားအသင်းက နှစ်ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ကတော့ ၁ ပွဲစီ ကစားပြီးချိန်မှာ  ၃မှတ်စီရရှိထားပါပြီ။

ကမ္ဘောဒီးယားနဲ့ လာအိုအသင်းတို့ကတော့ ၂ ပွဲစီ ကစားပြီးချိန်ထိ ရမှတ်လုံးဝမရသေးပေမယ့် လာအိုအသင်းရဲ့ ကွင်းလယ်လူ ဆင်ကဖုန်းက တော့ လက်ကျန် ၂ ပွဲမှာ ၆ မှတ်ယူပြီး ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်နေပါတယ်။

မြန်မာနဲ့ လာအိုအသင်းကတော့ လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တွေ့ဆုံကစားရဖိုရှိနေပြီး လာအိုနိုင်ငံမှာ ကစားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က