ဂရင်းဆလင်းချန်ပီယံဆု ၃ကြိမ်ရရှိခဲ့ဖူးတဲ့ စကော့တလန်တင်းနစ်သမားအနေနဲ့ လက်ရှိမှာ ကမ္ဘာ့အဆင့် ၃၂၄ မှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။
တင်းနစ်လောကရဲ့ ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် ကမ္ဘာ့အဆင့်ရပ်တည်မှုများအဆ မတန်ကျဆင်းခဲ့ရတဲ့ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးလ်က ဂရင်းဆလင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ US OPEN ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့မှုကို BBC ကဖော်ပြလာပါတယ်။
US OPEN ပြိုင်ပွဲသမိုင်းမှာ ဗိုလ်လုပွဲ ၂ကြိမ်တက်ရောက်ခဲ့ပြီး ၂၀၁၂ ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့ဖူးတဲ့ အန်ဒီမာ ရေးလ်အနေနဲ့ လက်ရှိအချိန်မှာလည်း Cincinnati မာစတာပြိုင်ပွဲရဲ့ ပထမအဆင့်မှာ ပြင်သစ်တင်းနစ်သမားရစ် ချတ်ဂတ်စကတ်ကို ၆-၄၊ ၆-၄ နဲ့ နှစ်ပွဲပြတ်အရေးနိမ့်ခဲ့တဲ့အတွက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသူပါ။
“ ဂရင်းဆလင်းပြိုင်ပွဲကို ဝင်မပြိုင်ဖို့ဆုံးဖြတ်ခဲ့တာ အခက်အခဲတော့မရှိပါဘူး။ အမြင့်ဆုံးချန်ပီယံဆုကိုရဖူးတဲ့သူ တစ်ဦးဖြစ်တဲ့အတွက်လည်း ဘယ်လိုမှ မခံစားရတာပါ။ သေချာတာတစ်ခုကတော့ တစ်ဦးချင်းပြိုင်ပွဲကိုတော့ ဝင်ပြိုင်ဖို့မရှိတော့တာပါပဲ ” လို့ အန်ဒီမာရေးလ်က ဆိုပါတယ်။
ဂရင်းဆလင်းပြိုင်ပွဲတွေဖြစ်တဲ့ US OPEN နဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အန်ဒီမာရေးလ်အနေ နဲ့ ကာလရှည်ခံစားနေရတဲ့ တင်ပဆုံကြွက်သားဒဏ်ရာကြောင့် ပြိုင်ပွဲအချို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့အ တွက် ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် စံချိန်တင်အဆင့် ၃၀၀ကျော်အထိ ကျဆင်းခဲ့သူလည်းဖြစ်ပါတယ်။
သတင်းဖော်ပြမှုတွေအရ အန်ဒီမာရေးလ်အနေနဲ့ သြဂုတ် ၂၆ရက်ကနေ စက်တင်ဘာ ၈ရက်နေ့အထိကျင်းပမ ယ့် US OPEN 2019 ပြိုင်ပွဲမှာ တစ်ဦးချင်းပြိုင်ပွဲအမျိုးအစားကို ဝင်ပြိုင်မှာမဟုတ်သော်လည်း နှစ်ယောက်တွဲနဲ့ အသင်းလိုက်ပြိုင်ပွဲအမျိုးအစားတွေကို ဝင်ပြိုင်မယ်လို့လည်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။