မကြာခင်မှာ သဘောတူညီချက်ထုတ်ပြန်သွားဖွယ် ရှိနေပါတယ်။

အချို့သော သတင်းဌာနများရဲ့ ဖော်ပြချက်မှာတော့ ဂျာအိုဖီးလစ်အတွက် အက်သလက်တီကိုနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပြီး စပိန်ကလပ်အသင်းဘက်ကတော့ အတည်ပြုပြောဆိုထားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။


လူငယ်ကြယ်ပွင့်ကစားသမား ဂျာအိုဖီလစ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းက စာချုပ်ပါလျော်ကြေးအတိုင်း ကမ်းလှမ်းထားတယ်လို့ ဘင်ဖီကာအသင်းက အတည်ပြုသွားခဲ့ပြီ ဖြစ်ပါတယ်။ ယူရို (၁၂၆)သန်းနဲ့ အက်သလက်တီကိုက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုအပေါ်မှာ လက်ခံစဉ်းစားနေတယ်လို့လည်း ဘင်ဖီကာအသင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။



အချို့သော သတင်းဌာနများရဲ့ ဖော်ပြချက်မှာတော့ ဂျာအိုဖီးလစ်အတွက် အက်သလက်တီကိုနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပြီး စပိန်ကလပ်အသင်းဘက်ကတော့ အတည်ပြုပြောဆိုထားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ ဂျာအိုဖီးလစ်ဟာ ပြိးခဲ့တဲ့ရာသီမှာ လိဂ်ဂိုး (၁၅)ဂိုး နဲ့ ဂိုးဖန်တီးမှု (၉)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တယ်လို့လည်း Goal.com က ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပြီးနောက် ဂျာအိုဖီးလစ်က နေးရှင်းလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အံ့အားသင့်ဖွယ်ခြေစွမ်းတွေကြောင့် ဥရောပထိပ်သီးအသင်းအများအပြားရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်က လက်ဦးမှုရယူနိုင်ဖို့ အကောင်းဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အသင်းကနေထွက်ခွာမယ်လို့ တရားဝင်အတည်ပြုထားတဲ့ အန်တိုနီယိုဂရစ်မန်းဇ်ရဲ့ နေရာမှာ ဂျာအိုဖီးလစ်ကို အစားထိုးဖို့ ဆီမြွန်နီက ကြိုးစားခဲ့တာဖြစ်ပါတယ်။ အသက် (၁၉)နှစ်အရွယ်ကစားသမားဟာ ရော်နယ်ဒိုလက်သစ်ကစားသမားလို့ တင်စားခံနေရသူဖြစ်ပြီး ကွင်းလယ်တိုက်စစ်ပိုင်းကို ကောင်းကောင်းခြေစွမ်းပြကစားနိုင်သူ ဖြစ်ပါတယ်။

"ဂျာအိုဖီးလစ်အတွက် အက်သလက်တီကိုက ယူရို ၁၂၆သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်၊ ဒီကမ်းလှမ်းမှုကို လက်ခံပြီးတော့ ကျွန်တော်တို့ စဉ်းစားပေးနေပါတယ်" လို့ ဘင်ဖီကာအသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။ ဘင်ဖီကာအနေနဲ့ ဒီကမ်းလှမ်းချက်ကို သဘောတူသွားဖွယ်ရှိပြီး မကြာခင်ရက်ပိုင်းအတွက်မှာ အပြောင်းအရွှေ့သဘောတူညီမှုကို အတည်ပြုကြေညာဖွယ် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က