ဝစ်ဂျ်နယ်ဒန်အတွက် ဘာစီလိုနာက ပေါင် ၁၀သန်းသာ ပေးဖို့ ပြောထားခဲ့တာပါ။
Kyaw Ko Ko Sint

ဝစ်ဂျ်နယ်ဒန်အတွက် ရလာတဲ့ ပြောင်းရွှေ့ကြေးကနေ လီဗာပူးက ပေါင်သန်း ၃၀ စျေးခေါ်ထားတဲ့ သီယာဂိုလ် အယ်ကန်တာရာကို ဘိုင်ယန်ကနေ ပြန်လည်ခေါ်ယူဖို့ စီစဥ်နေတာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဝစ်ဂျ်နယ်ဒန်အတွက် ပေါင် ၁၅သန်း အလိုရှိတယ်လို့ အတိအကျ ထုတ်ပြန်ပေးလိုက်ပြီလို့ Daily Mail က ဖော်ပြလာပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ကိုးလ်မန်းဟာ ဝစ်ဂျ်နယ်ဒန်ကို နယ်သာလန်အသင်းမှာ ကိုင်တွယ်ခဲ့ ဖူးသူလည်း ဖြစ်တာကြောင့် သူ့တပည့်ရဲ့ အသုံးတည့်မှုကို မြင်ယောင်ပြီး အခုလို ခေါ်ယူဖို့ ကြိုးပမ်းလာတာ လည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းက ဝစ်ဂျ်နယ်ဒန်အတွက် ပေါင် ၁၀သန်းသာ ပေးချေပြီး ရယူလိုနေတာ ကြောင့် လီဗာပူးရဲ့ လိုအပ်ချက်နဲ့ မကိုင်ညီပဲ ဖြစ်နေတာလို့လည်း The Mirror သတင်းဌာနက ဖော်ပြလာပါ သေးတယ်။

အခြားတစ်ဖက်မှာလည်း လီဗာပူးအနေနဲ့ ယခုနှစ်မရောင်းပါက လာမယ့်နှစ်ကျရင် ပေါင်၁၀သန်းတောင် မရပဲ အလွတ်ထွက်ခွာခွင့်ပြုရမှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပီယာနစ်ကို ဂျူဗင်တပ်အသင်းက ခေါ်ထားပြီး ဖြစ်ပေ မယ့်လည်း ကွင်းလယ်တစ်ခုလုံးအတွက်တော့ မလုံလောက်သေးပါဘူး။

လီဗာပူးအသင်းကလည်း ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်လူ သီယာဂိုလ်အယ်လ်ကန်တာရာကို စာချုပ် ချုပ်ဆိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စျေးနှုန်းက ပေါင် သန်း ၃၀ဖြစ်နေတော့ ဝစ်ဂျ်နယ်ဒန်ကို ၁၅သန်းနဲ့ရရင် ၁၅ သန်းသာ ပေးချေဖို့ လိုအပ်တော့တာကြောင့် ချိန်ရွယ်နေတာလို့လည်း ယူဆနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က