သဘောတူညီတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

အေဂျက်ဇ်အသင်းနောက်ခံလူ ဒီလစ်ရဲ့ အေးဂျင့်ဖြစ်တဲ့ နာမည်ကျော်အေးဂျင့် ရွိုင်အိုလာက သူ့ကစားသမားနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်ပယ်ချသွားခဲပ့ါတယ်။


အေဂျက်ဇ်အသင်းနောက်ခံလူ ဒီလစ်ရဲ့ အေးဂျင့်ဖြစ်တဲ့ နာမည်ကျော်အေးဂျင့် ရွိုင်အိုလာက သူ့ကစားသမားနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်ပယ်ချသွားခဲပါတယ်။ အသက် (၁၉)နှစ်အရွယ် ဒီလစ်ဟာ ပဲရစ်ကလပ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ မနေ့ကထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။



ရွိုင်အိုလာဟာ ဒီလစ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ပြင်သစ်ကို ရောက်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး ပဲရစ်မြို့ကို ရောက်ရှိနေတဲ့ သူ့ရဲ့ဓာတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွိုင်အိုလာက အဆိုပါ သတင်းတွေဟာ အတုအယောင်သတင်းတွေသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကာ ငြင်းဆန်ပယ်ချခဲ့တယ်လို့ Sportskeeda က ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလစ်ကတော့ နယ်သာလန်အသင်းအတွက် နေးရှင်းနယ်ဗိုလ်လုပွဲကစားပေးပြီး အပန်းဖြေခရီးထွက်နေတယ်လို့ သိရပါတယ်။ အဆိုပါခရီးစဉ်က ပြန်လည်ရောက်ရှိပါက သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှတ်သွားမယ်လို့ ပြောဆိုထားပြီး ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ ခန့်မှန်းရခက်နေကာ သူ့ကို ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာအသင်းနှစ်သင်း၊ ဂျူဗီတို့က စိတ်ဝင်စားနေပါတယ်။

အေဂျက်ဇ်အသင်းကို ပြည်တွင်းဖလား (၂)လုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိအောင် ဒီလစ်က ကူညီပေးနိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းနဲ့လည်း နေးရှင်းလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ကာ ဗိုလ်လုပွဲမှာ ပေါ်တူဂီကို အရေးနိမ့်ခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ရွိုင်အိုလာကတော့ ဘောလုံးလောကနဲ့ မပတ်သက်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရွိုင်အိုလာက သူ့ရဲ့ ပြစ်ဒဏ်အတွက် နိုင်ငံတကာအားကစားခုံရုံးကို အယူခံဝင်ခဲ့ရာမှာ Court of Arbitration for Sport (CAS) က ဆိုင်းငံပြစ်ဒဏ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က