အသင်းမှ မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
Pyae Phyo Thein

ဒီဘာလာအနေနဲ့ ဂျူဗီမှာ မပျော်မရွှင်ဖြစ်နေပြီး အချိန်အကြာကြီး ဆက်မနေလိုတာကြောင့် ထွက်ခွာမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ပေါ်လိုဒီဘာလာရဲ့ အေးဂျင့်ဖြစ်သူ ဂူစတာဗိုက သူ့ရဲ့ ကစားသမားဟာ လာမယ့်နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ အတြည်ပုသွားခဲ့ပါတယ်။ ဂူစတာဗိုဟာ ဒီဘာလာရဲ့ အစ်ကိုလည်းဖြစ်ပြီး အေးဂျင့်အဖြစ်ပါ တာဝန်ယူပေးနေသူ ဖြစ်ပါတယ်။ ဒီဘာလာအနေနဲ့ ဂျူဗီမှာ မပျော်မရွှင်ဖြစ်နေပြီး အချိန်အကြာကြီးဆက်မနေလိုတာကြောင့် ထွက်ခွာမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။


အီတလီ သတင်းဌာနတစ်ခုဖြစ်တဲ့ Radio Impacto Córdoba နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂူစတာဗိုက ထိုသို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဘာလာနည်းတူ ဂျူဗင်တပ်စ်ကနေ ထွက်ခွာချင်နေတဲ့ ကစားသမားတွေလည်း အများအပြားရှိနေပြီး ဒီလိုထွက်ခွာမှုဟာ ရော်နယ်ဒို ရောက်ရှိလာမှုနဲ့ ဘယ်လိုမှမပတ်သက်ဘူးလို့လည်း ဂူစတာဗိုက ပြောခဲ့ပါတယ်။

" ဒီဘာလာအသင်းကနေ ထွက်ခွာဖို့အတွက်က အခြေအနေတွေ အများကြီးကြောင့်ပါ၊ သူ့အတွက် အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်ပါတယ်၊ အီတလီမှာ သူ့အတွက် အားလုံးက အလွယ်တကူနဲ့ အဆင်ပြေနေပါတယ်၊ ဒါပေမယ့်လည်း အခုတော့ သူ အသင်းမှာ ဆက်နေမှာ မဟုတ်တော့ပါဘူး၊ တခြားကစားသမားတွေလည်း အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်"

"သူတစ်ဦးတည်းပဲ အသင်းကနေ ထွက်ခွာမှာမဟုတ်ပါဘူး၊ ရော်နယ်ဒိုနဲ့ ပြသနာဖြစ်တာမျိုး မရှိပါဘူး၊ ကွင်းပြင်မှာ ရော်နယ်ဒိုနဲ့ ဘယ်လိုပြသနာမျိုးမှမရှိပါဘူး၊ ကွင်းတွင်းမှာ ပြသနာ ရှိနေတာပါ၊ ပေါ်လိုက ငယ်ရွယ်ပါသေးတယ်၊ သူ ပွဲတွေကစားဖို့ ရှိနေပါသေးတယ်" လို့

ဂူစတာဗိုက ပြောကြားခဲ့တယ်လို့ Calciomercato က ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဘာလာကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

ဂျူဗင်တပ်စ်မှာ လေးနှစ်ကြာ ကစားနေခဲ့တဲ့ ဒီဘာလာဟာ ဒီဘောလုံးရာသီမှာ ပွဲအရေအတွက်အနည်းဆုံးကစားခဲ့ရတဲ့ ဘောလုံးရာသီဖြစ်ခဲ့သလို ဂိုးသွင်းယူနိုင်မှုလည်း အနည်းဆုံးဖြစ်ခဲ့ပါတယ်။ အသင်းအတွက် စီးရီးအေ (၂၈)ပွဲသာ ကစားခဲ့ရပြီး သွင်းဂိုးလည်း (၅)ဂိုးသာ ဒီဘာလာက သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၃)ခုမှာ ဒီဘာလာက အနည်းဆုံး သွင်းဂိုး (၁၀)နဲ့အထက် သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက (၂၂)ဂိုးအထိ ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က