နည်းပြ ကလော့ပ်က အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အသင်းပိုင်ရှင် တွမ်ဝါနာကတော့ ယခုထက်ပိုမို သက်တမ်းတိုးချင်နေတာလည်း ဖြစ်ပါတယ်။
လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြဂျာဂျင်ကလော့ပ်ကို အသင်းပိုင်ရှင်က စာချုပ်သက်တမ်း ထပ်မံ တိုးမြှင့်လိုနေတယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါ တယ်။
စပါးကို ဗိုလ်လုပွဲမှာ ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းကို ပရိသတ် ၇၅၀၀၀၀ က ကြိုဆိုခဲ့ကြပြီး နည်းပြ ကလော့ပ်ကတော့ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၂ ခုနှစ်အထိ ရှိနေသေးပါတယ်။
လီဗာပူးအသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group အနေနဲ့ အသက် ၅၁ နှစ်အရွယ် နည်းပြ ဂျာဂျင် ကလော့ပ်ကို နောက်ထပ် စာချုပ်သက်တမ်း ထပ်မံ တိုးချင်နေတာလို့ သိရတပါ။
“ ဂျာဂျင်က တကယ်ကို ထူးခြားပြောင်မြောက်တဲ့နည်းပြကောင်းတစ်ဦးပါ၊ အရေးအကြီးဆုံးအနေနဲ့ကတော့ သူက နှိမ့်ချပြောဆိုတတ်သလို အသင်းကိုလည်း အရမ်းဂရုစိုက်တတ်ပါတယ်။” လို့ အသင်းပိုင်ရှင် တွမ်ဝါနာ ကပြောခဲ့တာပါ။
ဗိုလ်လုပွဲအပြီးမှာ လီဗာပူးအသင်းသားတွေအားလုံးက နည်းပြ ဂျာဂျင်ကလော့ပ်ကို လေထဲပစ်တင်ပြီး ဂုဏ်ပြု နေကြချိန်မှာ ဒီနည်းပြဟာ အားလုံးရဲ့ အချစ်ကို ရရှိနိုင်ခဲ့ပြီလို့သိခဲ့ရပြီး ဘောလုံးကို ချစ်တဲ့သူတိုင်းရဲ့ အသိအ မှတ်ပြုခြင်းကို ခံခဲ့ရပြီလို့လည်း ဆိုခဲ့ပါသေးတယ်။
လီဗာပူးအသင်းအနေနဲ့ ဥရောပချန်ပီယံလိဂ် ဆုဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူးခဲ့တာ ဖြစ်ပြီး ဥရောပ စူပါဖလား ဗိုလ်လုပွဲအဖြစ် ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရပါမယ်။