၅ နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကမှ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ ဗီလာရီးရဲအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

စပိန်ကလပ် ဗီလာရီးရဲအသင်းကတော့ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ နောက်ခံလူ မိုရီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူစာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။ အသက် ၂၇ နှစ်အရွယ်မိုရီနိုဟာ ပြီးခဲ့တဲ့လကမှ လီဗာပူးနဲ့ စာချုပ်ကုန်ဆုံးခဲ့တာဖြစ်ပြီး ဗီလာရီးရဲအသင်းက ၎င်းကို ၅နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။



မိုရီနိုအနေနဲ့ လီဗာပူးအသင်းအတွက် ၁၄၁ ပွဲ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဆီဗီလာအသင်းက ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ပထမရာသီ ၂ ခုမှာ အသင်းအတွက် အားထားရတဲဲ့ ဘယ်နောက်ခံ ကစားသမားဖြစ်ခဲ့ပေမယ့်လည်း ဂျိမ်းမီနာနဲ့အန်ဒီရော်ဘတ်ဆင်တို့ ရောက်ရှိလာချိန်မှာတော့ ကစားခွင့် မရတော့ပဲ မနှစ်ကဆိုရင် ၅ ပွဲသာပါဝင်ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ လီဗာပူးအသင်းရဲ့ အရန်လူစာရင်းမှာ ပါဝင်ခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က