ကစားသမား ၃ ဦးကို လာစောင့်ကြည့်ခဲ့တာပါ။

လီဗာပူးက ဆာလာအပါအဝင် စပါးက အဲရစ်ဆင်နဲ့ဆွန်တို့ကို လာရောက်လေ့လာ စောင့်ကြည့်တာလို့ သိရပါတယ်။

လီဗာပူးအသင်းက စပါးအသင်းကို၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဂျူဗင်တပ်အသင်းက ကင်းထောက်တွေ ကွင်းထဲထိ လာရောက်ကြည့်ရှု စောင့်ကြည့်ခဲ့တယ်လို့ အီတလီသတင်းဌာန Tuttosport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။



ဂျူဗင်တပ်အသင်းအနေနဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာအပါအဝင် စပါးအသင်းက အဲရစ်ဆင်နဲ့ ဆွန်ဟောင်မင် တို့ကို လာရောက်လေ့လာ စောင့်ကြည့်တာလို့လည်း သိရပါတယ်။

လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို ဂျူဗင်တပ်အသင်းက အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး ရီးရဲအသင်းနဲ့အပြိုင် ခေါ်ယူရဖို့ ရှိနေပါတယ်။

အလားတူ လီဗာပူးအသင်းကို ၂၀၁၇ခုနှစ်က ရိုးမားအသင်းကနေ ပြောင်းရွှေ့လာတဲ့ ဆာလာကလည်း ပရီးမီး ယားလိဂ်မှာ ၂ နှစ်ဆက် ရွှေဖိနပ်ဆုရယူအပြီးမှာတော့ ဂျူဗင်တပ်အသင်းက စိတ်ဝင်စားလာခဲ့တာပါ။



ဆွန်ဟောင်မင်ကလည်း ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေနိုင်မှုနဲ့အတူ ဂျူျဗင်တပ်အသင်းက စိတ်ဝင်စားလာပြီး ၂၀၁၅ က လေဗာကူဆင်ကနေ စပါးရောက်ချိန်မှာတော့ ရုန်းကန်ခဲ့ရပါတယ်။

နည်းပြ ပွန်ချက်တီနိုလက်အောက်မှာ အမြန်ဆုံးအသင်းနဲ့အထိုင်ကျလာပြီး ပထမဦးစားပေး ကစားသမားဖြစ်လာတဲ့အထိအရေးပါလာခဲ့ပါတယ်။

အသင်းအတွက် ၇၂ ဂိုးအထိသွင်းပေးလာနိုင်သလို လီဗာပူးနဲ့ပွဲက ဆွန်အတွက် စပါးနဲ့ ပွဲ ၂၀၀ မြောက် ဖြစ်လာ ခဲ့ပါတယ်။



က္က