၂၀၁၅ ခုနှစ်က လီဗာပူး အသင်းကို မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ ဒီရာသီကုန်ရင် လီဗာပူးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ဒီကနေ့အချိန်ထိ ရရှိလာခြင်း မရှိသေးတဲ့ ဂျိမ်းစ်မီလ်နာရဲ့ အနာဂတ်က လီဗာပူးမှာ ရှိနေပါဦးမလားဆိုတာသံသယဖြစ်စရာ ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ်က မန်စီးတီးအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျိမ်းစ်မီလ်နာနဲ့ လီဗာပူးတို့ ချုပ်ဆိုထားတဲ့စာချုပ်က ဒီနှစ်အကုန်မှာ ပြည့်မှာ ဖြစ်ပေမယ့် လီဗာပူးအသင်းကတော့ စာချုပ်သစ်အတွက် ကမ်းလှမ်းလာခြင်း မရှိသေးတာပါ။
“ မနှစ်က သူတို့ကို ကျွန်တော်ပြောခဲ့ပါတယ်၊ သူတို့ လိုအပ်ရင် အချိန်မရွေးပြောပါဆိုပေမယ့် ဒီနေ့အထိ တော့ ဆက်သွယ်လာခြင်းမရှိသေးပါဘူး။ ဒီနေ့အထိ ကျွန်တော်တို့ ဘာမှ ဆက်သွယ် ဆောင်ရွက်ထားရခြင်း မရှိသေးပါဘူး။” လို့ ဂျိမ်းစ်မီလ်နာက UK Media ကိုပြောသွားတာပါ။
စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိထားပေမယ့်လည်း အသက် ၃၃ နှစ်အရွယ် ကစားသမားကြီးကတော့ ဘော လုံးကိုသာ အာရုံစိုက်ထားကြောင်းနှင့် လက်ရှိ စာချုပ်အတိုင်းပဲ ရှိကြောင်းတို့ကိုလည်း ပြောထားပါတယ်။
ဂျိမ်းစ်မီလ်နာကတော့ မနှစ်က လီဗာပူးအသင်း ချန်ပီယံလိဂ် ဆုဖလား ရရှိခဲ့ရာမှာတော့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး လီဗာပူးအသင်းအတွက် ကစားပေးထားသမျှ ၄ ရာသီထဲမှာ အနည်းဆုံး ပွဲ ၄၀ လောက် ကစားပေးထားနိုင်သူလည်း ဖြစ်ပါတယ်။