အေစီမီလန်အသင်းကတော့ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ မြိုင်မြိုင်ဆိုင်ဆိုင်လုပ်ဆောင်နေပါတယ်။
Kyaw Ko Ko Sint

အေစီမီလန်အသင်းဟာ မနှစ်က အသင်းကို အဆင့် ၅ နေရာသာ ရပ်တည်နိုင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ဝေးခဲ့ တဲ့နည်းပြ ဂတ်တူဆိုကို ရာထူးမှ ထုတ်ပယ်ပြီး ဆမ်ဒိုးရီးယားအသင်းနည်းပြ ဂီအမ်ပါအိုလိုကို နည်းပြသစ်အဖြစ် ပြောင်းလဲ ခန့်အပ်ထားပါတယ်။

စီးရီးအေ ကလပ် အေစီမီလန်အသင်းဟာ လီဗာပူးအသင်းက ခရိုအေးရှား လက်ရွေးစင် နောက်ခံလူ လိုဗရန်ကို ခေါ်ယူနိုင်ဖို့ ချိန်ရွယ်နေတယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



အေစီမီလန်အသင်းကတော့ အသင်းရဲ့ နည်းပြ ဂတ်တူဆိုကို ရာထူးမှ ဖယ်ရှားပြီး ဆမ်ဒိုးရီးယားနည်းပြ ဂီအမ်ပါ အိုလိုကို အသင်းနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ထားတဲ့ အသင်းဖြစ်ပါတယ်။

အီတလီသတင်းထောက် ဂီအမ်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ လီဗာပူးအသင်းရဲ့ နောက်ခံလူ လိုဗရန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလို့ Sportskeeda သတင်းဌာနက ထပ်ဆင့် ဖော်ပြလာတာပါ။

အသက် ၂၉ နှစ်အရွယ် လိုဗရန်အနေနဲ့ ၂၀၁၄ ခုနှစ်ကဆောာက်သမ်တန်အသင်းကနေ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဂျို့စ်ဂိုမက်ဇ်၊ဗန်ဒိုက်၊ဂျိုးလ်မာတစ်တို့နဲ့အတူ နည်းပြကလော့ပ်ရဲ့ အဓိက အားထားရတဲ့ နောက်ခံလူ ဖြစ်လာခဲ့တာပါ။

လိုဗရန်အနေနဲ့ ဒီနှစ်မှာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားမှာ လည်း ခရိုအေးရှားအသင်းနဲ့အတူ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သူပါ။

ဒါပေမယ့် အေစီမီလန်အသင်းအတွက်တောာ့ လိုဗရန်က ဒီအပြောင်းအရွှေ့ ရာသီမှာ ခေါ်ယူမယ့် တစ်ဦးတည်းသော ကစားသမားမဟုတ်ပဲ နောက်ထပ် ကစားသမားတွေကိုလည်း ခေါ်ယူသွားဖို့ ရှိသေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအရ အေစီမီလန်အသင်းရဲ့နည်းပြသစ်ဖြစ်လာတဲ့ ဆမ်ဒိုးရီးယားနည်းပြ ဂီအမ်ပါ အိုလိုအနေနဲ့ အာဆင်နယ်အသင်းက ဆမ်ဒိုးရီးယား ကစားသမားဟောာင်း တော်ရဲရားကို ပြန်လည်ခေါ်ယူဖို့ လည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က