အလဲအထပ်ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

ယာဂင်ကလော့ပ်စိတ်ဝင်စားနေတဲ့ အဆန်စီယိုနဲ့ အလဲအထပ်ပြုလုပ်သွားဖို့ ရီးရဲလ်ဘက်က အဆိုပြုကမ်းလှမ်းသွားတော့မှာဖြစ်ကြောင်းလည်း အင်္ဂလန်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ လီဗာပူးလ်တောင်ပံကစားသမားဆာဒီယိုမာနေးကို အဆန်စီယိုနဲ့အလဲအထပ်ပြုလုပ်သွားဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။ လီဗာပူးအတွက် ပြိုင်ပွဲစုံ (၁၂၃)ပွဲ ကစားပေးထားပြီး (၅၉)ဂိုးအထိ သွင်းယူပေးထားတဲ့ ဆာနေးဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင်နဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။



Daily Express ရဲ့ ဖော်ပြချက်အရ စပိန်ထိပ်သီးအင်းဟာ အသက် (၂၇)နှစ်အရွယ် ကစားသမားအပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်နေပြီး ကစားသမားအလဲအထပ်ပြုလုပ်သွားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ယာဂင်ကလော့ပ်စိတ်ဝင်စားနေတဲ့ အဆန်စီယိုနဲ့ အလဲအထပ်ပြုလုပ်သွားဖို့ ရီးရဲလ်ဘက်က အဆိုပြုကမ်းလှမ်းသွားတော့မှာဖြစ်ကြောင်းလည်း အင်္ဂလန်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာလည်း မာနေးကို ရီးရဲလ်က စိတ်ဝင်စားမှုတွေပြသနေခဲ့တာဖြစ်ပြီး ကစားသမားကတော့ အဆိုပါသတင်းတွေကို ကောလာဟလသတင်းတေအဖြစ် တုံ့ပြန်ခဲ့ပါတယ်။ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၂)ဂိုးသွင်းယူပေးခဲ့ပြီး ရွှေဖိနပ်ဆုကို ဆာလာ၊ အော်ဘာမီယန်တို့နဲ့ ပူးတွဲဆွတ်ခူးခဲ့ပြီးနောက်မှာ မာနေးရဲ့ ခြေစွမ်းက ဇီဒန်းက ထပ်မံဆွဲဆောင်နိုင်ခဲ့ပါတယ်။

ကစားသမားသစ် (၅)ဦးအထိ ဇီဒန်းက ခေါ်ယူထားပြီးဖြစ်ပေမယ့်လည်း သူ့အသင်းလူစာရင်းမှာ ထိပ်တန်းကစားတွေကို ထပ်မံဖြည့်တင်းဖို့ ရည်ရွယ်နေဆဲဖြစ်ပါတယ်။ ဟာဇက်၊ မီလီတာအို၊ လူကာဂျိုဗစ်၊ မန်ဒီနဲ့ ရိုဒရိုင်ဂိုတို့ကို ရီးရဲလ်က ခေါ်ယူထားပြီး လော်ရန်တီ နဲ့ သီယိုဟာနန်ဒက်ဇ်တို့ကို ပြန်လည်ရောင်းချထားပြီးလည်း ဖြစ်ပါတယ်။

လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့ ဇီဒန်းက ရည်မှန်းထားပြီး အထူးသဖြင့် လာလီဂါမှာ ဘာစီလိုနာရဲ့ ကြီးစိုးမှုကို ပြန်လည်ချေဖျက်နိုင်ဖို့ အားခဲထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မာနေးကို အဆန်စီယိုနဲ့ အလဲအထပ်ပြုလုပ်ဖို့ ကမ်းလှမ်းမှုကိုတော့ လီဗာပူးလ်ဘက်က လက်ခံနိုင်ဖွယ်ရာမရှိဘူးလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က