အပြောင်းအရွှေ့ ကြီးကြီးမားမား ပြုလုပ်ခြင်း မရှိထားတာပါ။
Kyaw Ko Ko Sint

လွန်ခဲ့တဲ့ ၁၈ လကတည်းက အသင်းကို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတာကြောင့် မလိုတော့တာဖြစ်တယ်လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

ယခုနှစ် လူဝယ်ရာသီမှာ ကြီးကြီးမားမား အပြောင်းအရွှေ့ ပြုလုပ်ထားခြင်း မရှိတဲ့ လီဗာပူးအသင်းအနေနဲ့ အခုလို အင်မတန် ရှုပ်ထွေးတဲ့ လူဝယ်ရာသီမှာ ဘာအစီအစဉ်မှ မရှိတဲ့အကြောင်း နည်းပြကလော့ပ်က ရှင်းလင်းပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းအနေနဲ့မနှစ်က ဘောလုံး ရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးခဲ့သလို ပရီးမီးယားလိဂ် မှာလည်း အဆင့် ၂ နေရာထိ ရပ်တည်နိုင်ခဲ့ပါတယ်။



လာမယ့်နှစ်အတွက် ကစားသမားသစ် ခေါ်ယူရာမှာ လူငယ်ကစားသမားအချို့ကို ခေါ်ယူထားပေမယ့်လည်း မြင့်မားတဲ့ အပြောင်းအရွှေ့ မရှိတဲ့အပေါ် ကလော့ပ်က ဖြေရှင်းခဲ့တာလို့ Goal.comက ဖော်ပြပါတယ်။

“ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၁၈လလောက်ကတည်းက ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပြီးပါပြီ၊ ဗန်ဒိုက်၊အယ်လီဆန်၊ဖာဘင်ဟိုစတဲ့ ကစားသမားတွေကို ခေါ်ထားပါတယ်။ ဒါ့အပြင် ဒဏ်ရာကြောင့် နားနေရ တဲ့ ချိန်ဘာလိန်လည်း ပြန်သက်သာလာပြီ ဖြစ်သလို ခြေစွမ်းမြင့် လူငယ်ကစားသမား ဘရုစတာကိုလည်း အသင်းကြီးကို ဆွဲခေါ်ထားပြီးပါပြီ။” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ ဈေးကွက်မှာ အပြောင်းအရွှေ့ ကြီးကြီးမားမား ထပ်မံ လုပ်စရာ မလိုတော့ပဲ လာမယ့်နှစ် အတွက် အသင်းကို အကောင်းဆုံး ပြင်ဆင်ထားနှင့်ပြီး ဖြစ်တယ်လို့ ကလော့ပ်က ယုံကြည်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က