ပြောင်းရွှေ့ကြေးကိုမဖော်ပြထားပါဘူး။
Kyaw Ko Ko Sint

ဟာဗေးအနေနဲ့ ဖူဟမ်အတွက် ပထမဆုံး ကစားပေးနိုင်ခဲ့တဲ့ ပွဲမှာ ၁၅ နှစ်နဲ့ ၁၇၄ ရက်သာ ရှိသေးပြီး ၂၀၁၈ စက်တင်ဘာလက မီဝေါလ်အသင်းနဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာဖြစ်ပါတယ်။

ဒီရာသီ အပြောင်းအရွှေ့မှာ တိတ်ဆိတ်နေခဲ့တဲ့ ဥရောပချန်ပီယံ လီဗာပူးအသင်းကတော့ ဖူဟမ်အသင်းမှ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူ ဟာဗေးအဲလိယက်တ်ကို ခေါ်ယူစာချုပ်လိုက်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ဖူဟမ်နဲ့ ဝုလ်တို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ကစားနိုင်ခဲ့တဲ့ အဲလိယက်တ်ဟာ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် အသက် ၁၆ နှစ်နဲ့ သတ်မှတ်ခံခဲ့ရသူပါ။



ဒါပေမယ့်လည်း အသက် ၁၇ နှစ် မပြည့်မချင်း ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် သတ်မှတ်လို့ မရသေးတာကြောင့် အသက် ၁၇ နှစ်ပြည့်မယ့် ဧပြီလထိ စောင့်ရဦးမှာပါလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ အသစ်ခေါ်ယူလိုက်တဲ့ ဟာဗေးကို လာမယ့် တနင်္ဂနွေနေ့မှာ နာပိုလီအသင်းနဲ့ ကစားမယ့်ခြေစမ်းပွဲစဉ်မှာ လူစာရင်းထည့်သွင်းသွားမယ်လို့ အတည်ပြုထားပါတယ်။

လီဗာပူးအသင်းအနေနဲ့ ဟာဗေးအတွက်ခေါ်ယူတဲ့ ပြောင်းရွှေ့ကြေးကိုမူ BBC SPORT က ဖော်ပြခဲ့ခြင်းမရှိဘဲ ဟာဗေးကို လီဗာပူးအပြင် ရီးရဲမက်ရစ်၊ ပီအက်စ်ဂျီ၊ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကလည်း ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

ဟာဗေးကို ခေါ်ယူနိုင်လိုက်တဲ့ လီဗာပူးအတွက်ကတော့ ဒီရာသီအတွက် ဒုတိယမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပြီး ဟာဗေးမတိုင်ခင်ကလည်း အသက် ၁၇ နှစ်အရွယ် ဒတ်ချ်နောက်ခံလူ ဗန်ဒန်ဘတ်ချ်ကို ခေါ်ယူထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က