ချယ်လ်ဆီးသူဌေး အေဘရာမိုဗစ်က ညွှန်ကြားခဲ့တာပါ။
Pyae Phyo Thein

တောင်ပံကစားသမား ပူလီဆစ်ကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အမေရိကန်အသင်းရဲ့ လူငယ်သွေးသစ် ကစားသမားဟာ ထွန်းတောက်လာနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ သတ်မှတ် ခံထားရသူ လည်း ဖြစ်ပါတယ်။

Photo : Mirror

 

အသက် (၁၉)နှစ်အရွယ် ပူလီဆစ်ကို လီဗာပူးလ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး ဒေါ့မွန်နည်းပြဟောင်း ကလော့ပ်ဟာ ပူလီဆစ်ကို ကာလရှည်စောင့်ကြည့်နေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီသစ်အတွက် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးအသင်းက ပူလီဆစ်ရဲ့ အနေအထားနဲ့ပတ်သက်ပြီး ဒေါ့မွန်ကို မေးမြန်းမှုတွေ ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

ချယ်လ်ဆီး ကစားသမား (၂)ဦးကို ပေါင်သန်း (၁၀၀)နဲ့ ကမ်းလှမ်းမယ့် ရီးရဲလ် 

Photo : Mirror

 

ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ် နဲ့ နည်းပြဆာရီတို့ဟာ အပြောင်းအရွှေ့ကိစ္စရပ်များအတွက် ဆွေးနွေးမှုများ ပြုလုပ်အပြီးမှာ မိုဗစ်က ပူလီဆစ်ကို လီဗာပူးလ်ထက် အရင် လက်ဦးမှုရယူပြီး ခေါ်ယူဖို့အတွက် အသင်းကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ICC ပွဲစဉ်ကို မိုဗစ်က သွားရောက်ကြည့်ရှုခဲ့ပြီးနောက် အပြောင်းအရွှေ့အတွက် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Photo : Mirror

 

ပူလီဆစ်နဲ့ ဒေါ့မွန်တို့ကတော့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးပြီး ကစားသမားကလည်း အသင်းက ထွက်ခွာချင်နေတယ်လို့ သိရသလို ဒေါ့မွန်ကလည်း ပူလီဆစ်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိပါက ပြန်လည်ရောင်းချဖို့ အသင့်ရှိတယ်လို့ နားလည်ထားကြောင်း Goal က ရေးသား ဖော်ပြသွားခဲ့ပါတယ်။

Photo : Mirror

 

အေဘရာမိုဗစ် ပြင်သစ်ကို ရောက်ရှိနေစဉ်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီစီနဲ့လည်း တွေ့ဆုံခဲ့ပြီး ဟီဂူအင်၊ ရူဂါနီ နဲ့ ကယ်ဒါရာတို့ရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ နည်းပြဆာရီဟာ နာပိုလီမှာ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို သူ့ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနိုင်ဖို့ မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က