မနေ့က မိန့်ဇ်ကို ၈ ဂိုးပြတ်နိုင်တဲ့ပွဲမှာ ဟက်ထရစ်ရခဲ့ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ ဂျာမနီလက်ရွေးစင်ကတော့ ဒီနှစ်မှာ ကလပ်နဲ့ နိုင်ငံအတွက် ၁၆ ပွဲမှာ ၁၁ ဂိုးထိ သွင်းပေးထားနိုင်ပါပြီ။

မိန့်ဇ်ကို ၈ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တီမို ဝါနာကို လီဗာပူးအသင်းက မူလကတည်း ကချိန်ရွယ်နေခဲ့တာဖြစ်ပြီး အခုအခါ ယူနိုက်တက်ကလည်း အလိုရှိလာပြီလို့ Mirror သတင်းဌနရဲ့ဖော်ပြချက်အရ သိရပါတယ်။



ဝါနာကတော့ လိုက်ပ်ဇက်အသင်းနဲ့ ပြီးခဲ့တဲ့ နွေကမှ ၄ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပေမယ့် ပေါင် ၂၇ သန်းနဲ့ခေါ်ယူခွင့်တော့ရှိနေပါတယ်။



ဆိုးလ်ရှားရဲ့ ယူနိုက်တက်မှာတော့ တိုက်စစ်မှူး လူကာကူ ထွက်ခွာသွားပြီးနောက် အစားထိုးခြင်းမပြုထားရသလို ဝါနာကို ခေါ်ယူနိုင်ပါက လီဗာပူးကို ကောင်းကောင်း တုံ့ပြန်နိုင်မယ်လို့ ယူနိုက်တက်က ဆိုးလ်ရှာအပေါ် ယုံကြည် ထားပါတယ်။

ဝါနာကတော့ နိုင်ငံအတွက် ပွဲပေါင်း ၂၈ ပွဲအနိုင်ကစားပေးထားနိုင်ပြီး အခုကစားနေတဲ့ အရှေ့ ဂျာမနီအသင်းထံ ၂၀၁၆ က သူ့ရဲ့ မွေးရပ်မြေအသင်းကနေ ပြောင်းခဲ့တာလို့လည်း သိရပါတယ်။

ယူနိုက်တက်ကတော့ ဒီနှစ်ထဲ ဝါနာကစားတဲ့ ပွဲတိုင်းကို ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်နေစတယ်လို့ လည်း သိရပါတယ်။

ဝါနာကတော့ ဒီနှစ်မှာ ကလပ်နဲ့နိုင်ငံ အတွက် ၁၆ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားနိုင်ပြီး မနှစ်ကတော့ ၂၁ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

လီဗာပူးကလည်း တိုက်စစ်မှာ မာနေး၊ဆာလာ၊ဖာမီနိုတို့ ရှိနေပေမယ့်လည်း ဝါနာကို ခေါ်ယူလိုနေတာ ဖြစ်ပြီး ယူနိုက်တက်အတွက်တော့ ကြီးမားတဲ့ တိုက်ပွဲတစ်ခုကို လာမယ့် ဇန်နဝါရီမှာ တိုက်ရဖို့ ရှိနေတာပါ။

Share

Loading Next Article...
က္က