၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အမှားတွေ ကျူးလွန်ခဲ့သူပါ။

၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဘီဆစ်တပ်အသင်းကို ၂ နှစ်အငှားချထားခဲ့ပေမယ့် ဘီဆစ်တပ် အသင်းကလည်း ဆက်လက်သည်းမခံနိုင်တော့ပဲ အငှားပြည့်တာနဲ့ မိခင်ကလပ် လီဗာပူးထံ ပြန်စေလွှတ် သွားမှာပါ။

တူရကီကလပ် ဘီဆစ်တပ်က ပုံမှန်လက်စွမ်းအောက်ရောက်နေတဲ့ ဂိုးသမား ကားရီးယက်စ်ကို ဘယ်လိုမှ ထပ်မံ သည်းခံ အချိန်ပေးဖို့ မဖြစ်နိုင်တော့ပဲ လာမယ့် ဇန်နဝါရီမှာတော့ မိခင်ကလပ် လီဗာပူးအသင်းထံ ပြန်လည်ပို့ဆောင်သွားတော့မယ်လို့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။



ယခုနှစ်ရာသီမှာ ဆိုးရွားတဲ့လက်စွမ်းတွေကြောင့်ဘီဆစ်တပ်အသင်းအနေနဲ့ နောက်ထပ် ဂိုးသမား တစ်ဦးကို ရှာဖွေနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါကြောင့်လာမယ့် ဇန်နဝါရီဈေးကွက်မှာ ဘီဆစ်တပ်အသင်းက ဖူဟမ်အသင်းရဲ့ ဂိုးသမား ဖာဘရီကို အဓိက ပတ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

ဖာဘရီကလည်း ဖူဟမ်အသင်းကနေ စပိန်ကလပ် မာယော့ကာအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားနေရတာ ကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖွယ်ရှိနေပါတယ်။



လီဗာပူးကို ကားရီးယက်စ်ပြန်ရောက်လာမယ်ဆိုရင်လည်း နေရာဘယ်လိုမှရနိုင်တော့မှာမဟုတ်ပဲ လက်ရှိ ရိုးမားကနေ ပြောင်းရွှေ့လာတဲ့ ဘရာဇီး ဂိုးသမား အယ်လစ်ဆန်ကို ကျော်နိုုင်မှာ မဟုတ်တဲ့အတွက် ဖြစ်ပါတယ်။

အယ်လစ်ဆန်အပြင် ယခုနှစ်ရာသီအစမှာ အယ်လစ်ဆန် ဒဏ်ရာရချိန်၁၀ ပွဲလောက် စွမ်းစွမ်းတမံ ဖမ်းထားတဲ့ နောက်ထပ် အရန်ဂိုးသမား အန်ဒရီယန်ကိုလည်း ကျော်ဖြတ်ဖို့ မလွယ်ကူးသေးပါဘူး။

ကားရီးယက်စ်ကတော့ ၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အမှား၂ ခုကျူးလွန်ခဲ့ပြီး အမှား၂ခုစလုံးကနေ ဂိုးတွေခွင့်ပြုလိုက်ရတာကြောင့် အသင်းနဲ့ ပရိသတ်ရဲ့ စိတ်ပျက်မှုတွေကို ခါးစီး ရင်ဆိုင်ခဲ့ရသူပါ။


ဆက်စပ်အကြောင်းအရာများ



က္က