ဘာနာဒိုဆေးလ်ဗားနဲ့လူစားလဲခဲ့ရသူပါ။

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိသွားတဲ့ မာရက်ဇ်ရဲ့ဒဏ်ရာစစ်ဆေးရှာဖွေနေမှုကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ မာရက်ဇ်ဟာ ပထမပိုင်း ၂၈ မိနစ်မှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။

FC+Bayern+Munich+v+Manchester+City+International+wnXW6Qju-4vl.jpg

Photos: Daily Mail

လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ နဲ့ ရောက်ရှိလာတဲ့ မာရက်ဇ်ဟာ ယနေ့နံနက်မှာ နိုင်ငံတကာချန်ပီယံဖလားပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ပထမပိုင်း ၂၈ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

မန်ယူအသင်းရဲ့ရာသီကြိုခြေစမ်းပွဲရလဒ်ဆိုးတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောကြားလိုက်တဲ့ မော်ရင်ဟို 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာက မာရက်ဇ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး တိကျသေချာတဲ့အဖြေမသိရသေးကြောင်း ပြောကြားခဲ့ပြီး ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေက ခြေစွမ်းကို စိတ်ကျေနပ်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။

Photos: Sportskeeda

 

"နောက်ဆက်တွဲကိစ္စတွေ ကျွန်တော် မသိပါဘူး။ အဝတ်လဲခန်းထဲမှာ ကျွန်တော် ရှိမနေခဲ့ဘူးလေ"

"သူ့ခြေချင်းဝတ်မှာ ဒဏ်ရာရသွားတာပါ။ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။ အဲဒါက ပြဿနာမဟုတ်လောက်ပါဘူး"

"ကျွန်တော် အရာအများကြီးအတွက် စိုးရိမ်နေရတယ်။ ဒဏ်ရာရကစားသမားတွေအတွက်ရော၊ ပြန်မလာသေးတဲ့ကစားသမားတွေအတွက်ရော။ ဒါပေမယ့် ကျွန်တော့်အသင်းသားတွေအားလုံး လုပ်ပြခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေက ခြေစွမ်းကိုတော့ စိတ်ကျေနပ်မှုရှိပါတယ်"

ခြေချင်းဝတ်ဒဏ်ရာရရှိသွားတဲ့ မာရက်ဇ်ရဲ့နေရာကို ဘာနာဒိုဆေးလ်ဗားက လူစားဝင်ကစားခဲ့ပြီး ပထမပိုင်းပြီးဆုံးလို့ နာကျင်အချိန်ပို ၄၆ မိနစ်မှာ မန်ချက်စတာစီးတီးအသင်းအတွက် ပထမချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photos: Manchester Evening News

 

ပထမပိုင်းမှာ ၂ ဂိုးအထိ ပေးခဲ့ရပေမယ့် နောက်ကနေ ၃ ဂိုးလိုက်သွင်းယူပြီး အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြပက်ဂွါဒီယိုလာက သတင်းထောက်တွေကို အခုလိုဆက်လက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ပြီးခဲ့တဲ့ပွဲစဉ်က အမှားတွေကို လေ့လာဆန်းစစ်ပြီး ဒီနေ့မှာ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အစကောင်းခဲ့ပြီး အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်။ ဒီအတိုင်းပဲဆက်ပြီးသွားမှာပါ။ ကျွန်တော် ကျေနပ်ပါတယ်"

"ကျွန်တော်တို့ လူငယ်ကစားသမားတွေ၊ ကစားသမားသစ်တွေနဲ့ ဒီကိုလာခဲ့တာပါ။ သူတို့အတွက် ကောင်းမွန်တဲ့အနာဂတ်ဖြစ်လာပါလိမ့်မယ်။ ဒီရာသီကြိုပွဲစဉ်တွေက သူတို့ကို ပွဲစဉ်အကြောင်း နားလည်ဖို့ အကူအညီဖြစ်စေပါတယ်။ ဒီနှစ်ပတ်အတွင်းမှာ သူတို့ကြောင့် ကျွန်တော်ဘယ်လောက်စိတ်ပျော်ရွှင်ရလဲဆိုတာ ခင်ဗျား မသိပါဘူး။ လူငယ်ကစားသမားတွေမှာ စိတ်ဆန္ဒပြင်းပြမှုတွေရှိတယ်။ သူတို့ဟာ မျက်လုံးကိုဖွင့်၊ နားကိုစွင့်ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ သူတို့ရဲ့ကစားသမားဘဝတစ်ခုလုံး ရှိနေတာကိုး။ သူတို့တွေကို ကျွန်တော် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က