ပြန်လည်အသုံးပြုသွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက အသင်းရဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ဝုလ်ဗ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားသွားမှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်မှာ အန်သိုနီမာရှယ်ကို အသုံးပြုခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဆန်းချက်ဇ်ကို ပွဲထွက်ခွင့်ပေးသွားမယ်လို့ ဆိုခဲ့တာပါ။



Photo : Footballghana.com

 

ယန်းဘွိုင်းအသင်းကို ၃ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆန်းချက်ဇ်ဟာ အရန်ခုံမှာသာ ရှိနေခဲ့ပြီး မော်ရင်ဟိုက အသုံးပြုခဲ့ခြင်းမရှိပါဘူး။ မာရှယ်ကတော့ မိနစ် ၉၀အပြည့် ကစားခွင့်ရခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပရီးမီးယားလိဂ်ပွဲမှာ ဆန်းချက်ဇ်ကို အသုံးပြုသွားမယ်လို့ မော်ရင်ဟိုက အတည်ပြုခဲ့ပါတယ်။

ဆုမရပေမယ့် The Best ဆုပေးပွဲကို တက်ရောက်မယ့် မက်ဆီ 

Photo : Joe.co.uk

ဆန်းချက်ဇ်ကတော့ မန်ယူအတွက် ဒီရာသီမှာ ပရီးမီးယားလိဂ် (၄)ပွဲ ပါဝင်ကစားပြီး ဖြစ်ပေမယ့် သွင်းဂိုးတစ်ဂိုးမှ မရေသေးပဲ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုကတော့ ဆန်းချက်ဇ်ကို ယုံကြည်စွာနဲ့ ပွဲထွက်ခွင့်ပေးအပ်သွားတာ ဖြစ်ပြီး သူ့ရဲ့ စိတ်ကြိုက်ကစားသမားအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Photo : Arsenal Mania

 

"ကစားသမားတိုင်းက နောက်ထပ်အဆင့်တစ်ခုကို တက်ရောက်နိုင်ဖို့ အရည်အသွေးရှိပါတယ်" လို့ မော်ရင်ဟိုက ပြောသွားပါတယ်။ မန်ယူကတော့ ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် (၃)ပွဲဆက်တိုက် နိုင်ပွဲတွေ ပြန်လည်ရယူပြီး ခြေစွမ်းပြနေပါတယ်။ ရာသီအစမှာ ကစားသမား ဝယ်ယူဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရပြီးနောက် မော်ရင်ဟိုက အသင်းကို အများကြီးမျှော်လင့်မထားဖို့ ပြောခဲ့ဖူးပါတယ်။

Photo : Radio Agricultura

 

ဝုလ်နဲ့ကစားမယ့် ပွဲမတိုင်ခင်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မော်ရင်ဟိုက - "ပြီးခဲ့တဲ့ရာသီကထက် အမှတ်တွေပိုရမယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ အမှတ်တွေအများကြီး ပေးခဲ့ရလို့ပါ၊ ဒါပေမယ့် ပိုပြီးကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်လာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ စပါး နဲ့ အာဆင်နယ်တို့က လူစာရင်းတောင့်တင်းပြီး တိုးတက်လာ ပါတယ်၊ ဒါပေမယ့် ဒီရာသီက သူတို့အတွက် ပိုပြီးတော့ လွယ်ကူမယ်လို့ ထင်နေမယ်ဆိုရင်တော့ သူတို့တွေရဲ့ အတွေးအမြင်တွေ မှားယွင်းနေတယ် လို့တော့ ကျွန်တော်ထင်မိမှာပါ" လို့ မော်ရင်ဟိုက ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က