အလွတ်တည်ကန်ဘော ကန်သွင်းရာမှာ ထူးချွန်သူပါ။

ဝေးလ်အသင်းနည်းပြ ရွိုင်ယန်ဂစ်က အိုင်ယာလန်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို ဖရီးကစ်ကတဆင့် သွင်းယူခဲ့တဲ့ အသင်းကစားသမား ဟယ်ရီဝီလ်ဆင်ရဲ့ ကန်သွင်းမှုဟာ မန်ယူအသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်ရဲ့ ကန်ချက်အတိုင်းပဲလို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ဟယ်ရီဝီလ်ဆင်ဟာ လီဗာပူးလ်ကနေ ဒါဘီအသင်းကို အငှားသွားရောက်ကစားနေတသူ ဖြစ်ပါတယ်။

 

နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဝီလ်ဆင်က ပွဲကစားချိန် (၅၈)မိနစ်မှာ ရရှိခဲတဲ့ အလွတ်တည်ကန်ဘောကနေ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဝီလ်ဆင်ကတော့ ပြီးခဲ့တဲ့လက မန်ယူနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာလည်း မန်ယူဂိုးသမား ရိုမဲရိုးကို ငုတ်တုပ်မေ့စေခဲ့တဲ့ ဖရီးကစ်သွင်းဂိုးကို သွင်းယူခဲ့သူပါ။

ဆာအဲလက်စ်ဖာဂူဆန် ပြောပြခဲ့တဲ့ ဝိန်းရွန်နီရဲ့ အကြောင်း 

"ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပြီး လေ့ကျင့်ရေးကွင်းမှာ သူ အမြဲတမ်း ပြုလုပ်နေကျပါ၊ ကျွန်တော်တို့အတွက် လွန်ခဲ့တဲ့နှစ်တွေက မြင်တွေ့ခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်ရဲ့ ဖရီးကစ်ကန်သွင်းမှုတွေကို မြင်လိုက်ရသလိုပါပဲ၊ ဒါတွေအားလုံးက လက်တွေ့လေ့ကျင့်မှု အပေါ်မှာ မူတည်နေတာခဲ့တာပါ၊ ဟယ်ရီက ဒီအကျိုးဆက်ကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်" လို့ ရွိုင်ယန်ဂစ်က ပြောဆိုသွားခဲ့ပါတယ်။

 

 

"အရမ်းဂုဏ်ယူမိပါတယ်၊ အဓိကကစားသမားတွေ မပါဝင်ချိန်မှာ ကစားရတာ မလွယ်ကူခဲ့ပေမယ့် ကျွန်တော့်အသင်းသားတွေက အကောင်းဆုံးပုံစံ ပြသသွားခဲ့ပါတယ်၊ အသင်းရဲ့ ရလာဒ်တွေ ဆိုးရွားနေပြီးနောက် ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ လက္ခဏာ နဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့ ပါတယ်၊ ဒုတိယပိုင်းမှာ အသင်းရဲ့ ကစားပုံက တော်တော်လေးပြောင်မြောက်ခဲ့ပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။

 

ဟယ်ရီဝီလ်ဆင်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ဟားလ်စီးတီးအသင်းကို အငှားနဲ့ သွားရောက်ခဲ့ပြီး ဒီနှစ်မှာလည်း ဒါဘီအသင်းကို ထပ်မံပြီး အငှားနဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ထူးချွန်လှတဲ့ အလွတ်တည်ကန်ဘော ကန်သွင်းချက်တွေကြောင့် လာမယ့်ရာသီမှာ လီဗာပူးလ်အသင်းနဲ့ ကစားခွင့်ရမှာလားဆိုတာကိုတော့ စောင့်ကြည့်ရပါတော့မယ်။

Share

Loading Next Article...
က္က