ချေပဂိုးသွင်းအပြီး မော်ရင်ဟိုရှေ့မှာ အောင်ပွဲခံခဲ့တာပါ။

ယမန်နေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းပွဲကစားချိန်ပြည့်မြောက်ပြီး နာကျင်အချိန်ပို ၉၆ မိနစ်မှာ ချေပဂိုး ပြန်လည်ပေးခဲ့ရတာဖြစ်ပြီး ယင်းချေပဂိုးကြောင့် မော်ရင်ဟိုနဲ့ ချယ်ဆီးအသင်းနည်းပြအဖွဲ့တို့ အချင်းများခဲ့ကြပါတယ်။



10401834-3x2-700x467.jpg

ချယ်ဆီးအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန်ပြည့်မြောက်ခါနီးအချိန်အထိ ဧည့်သည်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး လူစားဝင်ကစားခဲ့တဲ့ ရော့စ်ဘာကလေက နာကျင်အချိန်ပို ၉၆ မိနစ်မှာ ချယ်ဆီးအသင်းအတွက် သရေ ၁ မှတ်ရရှိစေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘာကလေရဲ့ချေပဂိုးကြောင့် ချယ်ဆီးအသင်းရဲ့ဒုတိယလက်ထောက်နည်းပြ မာကိုအီယန်နီဟာ အလွန်အမင်းပျော်ရွှင်သွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြမော်ရင်ဟိုရှေ့မှာ ပြေးလွှားအောင်ပွဲခံခဲ့ပြီး ဥမင်အတွင်းကို ဆင်းသွားခဲ့ပါတယ်။

 

မော်ရင်ဟိုဟာ အီယန်နီရဲ့လုပ်ရပ်ကြောင့် ဒေါသထွက်ခဲ့ပြီး ဥမင်အတွင်းဆင်းသွားတဲ့ အီယန်နီရဲ့နောက်ကို ထိုင်ခုံကနေ ချက်ချင်းထလိုက်ခဲ့ပါတယ်။ မော်ရင်ဟိုကို ကွင်းလုံခြုံရေးတွေက ဝိုင်းဝန်းတားဆီးခဲ့ပြီး ရုတ်ရုတ်သဲသဲဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ မော်ရင်ဟိုက ၎င်းကို ချယ်ဆီးအသင်းပရိသတ်တွေက လေးစားမှုမပြသခဲ့ကြဘူးလို့ ပြောကြားခဲ့ပြီး အီယန်နီက ပွဲအပြီးမှာ လာရောက်တောင်းပန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

[No available link text] 

"ဆာရီရဲ့လက်ထောက်နဲ့ဖြစ်ခဲ့တဲ့ဟာကို ကျွန်တော် ဘာမှစိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ ဆာရီက ပထမဆုံးလာပြီး အဲဒီကိစ္စကို ဖြေရှင်းပေးပါမယ်လို့ လာပြောတဲ့သူပါ။ သူ့လက်ထောက်ကလည်း ကျွန်တော့်ကို လာတောင်းပန်ပြီးသွားပါပြီ။ ကျွန်တော် သူ့ကို ထားလိုက်တော့လို့ ပြောခဲ့ပါတယ်။ ကျွန်တော့်နည်းပြသက်တမ်းတစ်လျှောက်မှာ အမှားတွေလုပ်ခဲ့မိတာ အများကြီးရှိပါတယ်"

"အဲဒါ ကျွန်တော့်ရဲ့ တုံ့ပြန်မှုမဟုတ်ဘူး။ ဆာရီရဲ့လက်ထောက်ပါ။ သူက အရမ်းယဉ်ကျေးမှုမရှိပါဘူး။ ဒါပေမယ့် ဆာရီက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ သူတို့ ၂ ယောက်စလုံး လာတောင်းပန်တယ်။ ကျွန်တော် လက်ခံလိုက်တယ်။ ပြဿနာက ပြီးသွားပါပြီ"

"ချယ်ဆီးပရိသတ်တွေဆီကနေ လေးစားမှုပြန်မရခဲ့ပါဘူး။ ဒါပေမယ့် အဲဒါ ကျွန်တော့်မှာ တာဝန်ရှိတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော် ဒီနေ့လုပ်ခဲ့တဲ့ဟာကို မက်ဒရစ်မှာလည်း လုပ်မှာပဲ။ မီလန်မှာလည်း လုပ်မှာပဲ။ ပေါ်တိုမှာလည်း လုပ်မှာပဲ။ ပရိသတ်တွေရဲ့တုံ့ပြန်မှုက ကျွန်တော့်ကို ဒေါသမဖြစ်စေနိုင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က