ခပ်ကြမ်းကြမ်းကစားခဲ့ကြပြီး ဂိုးတွေအပြန်အလှန်သွင်းယူခဲ့တာပါ။

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ အစဉ်အလာပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့ ၂၀၀၀ ပြည့်နှစ်ကာလတွေဆီက ပွဲစဉ်တွေကို ပြန်လည်မြင်ယောင်စေတဲ့အထိ ကြည့်ကောင်းခဲ့ပါတယ်။



7058914-6464473-image-a-10_1544042353602.jpg

Photos: Daily Mail

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ၂၀၀၀ ပြည့်နှစ်ကာလတွေဆီက ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ဘက်တွေဖြစ်ခဲ့ကြပြီး တွေ့ဆုံတဲ့ပွဲတိုင်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ခပ်ကြမ်းကြမ်းကစားဟန်တွေကြောင့် ရန်ပွဲတွေ များစွာ မြင်တွေ့ရတာဟာ ပြီးပြည့်စုံတဲ့ပန်းချီကားတစ်ချပ်ကို ကြည့်ရှုရသလို ပရိသတ်တွေအတွက် ရသအစုံ ခံစားရစေခဲ့ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ယနေ့နံနက်က အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂၀၀၀ ပြည့်နှစ်ကာလတွေဆီက အငွေ့အသက်တွေ ပြန်လည်ရရှိခဲ့ကြပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ ခပ်ကြမ်းကြမ်းကစားဟန်တွေကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်း ၂၆ မိနစ်မှာ မူူစတာဖီရဲ့ ဂိုးကန်သွင်းမှုကို ဒီဂီယာပုတ်ထုတ်ရာမှာ မသေမသပ်ဖြစ်ခဲ့ပြီး ဟာရဲရားက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တဲ့အတွက် အာဆင်နယ်အသင်း အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

 

မိနစ် ၃၀ မှာ မာရှယ်က ဟာရဲရားရဲ့ ပေးပို့မှုကနေတစ်ဆင့် အာဆင်နယ်အသင်းရဲ့နောက်ခံကစားသမားတွေ ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ အနီးကပ်ကန်သွင်းပြီး မန်ယူအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ၂ သင်းစလုံး လူစားလဲလှယ်မှုတွေပြုလုပ်ပြီး ကစားအားကို မြှင့်တင်ခဲ့ကြတာကြောင့် ပွဲအရှိန်မကျသွားဘဲ ပိုလို့တောင် ကြည့်ကောင်းခဲ့ပါတယ်။ ၆၈ မိနစ်မှာ လာကာဇက်ရဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုကို မားကို့စ်ရိုဟို ဖျက်ထုတ်ဖို့ ကြိုးပမ်းရာမှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး အာဆင်နယ်အသင်းက ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

Photos: Daily Mail

 

၆၉ မိနစ်မှာ ဂျက်ဆီလင်ဂတ်က အာဆင်နယ်အသင်း နောက်ခံကစားသမားတွေရဲ့ ဘောလုံးဖျက်ထုတ်ပုံမသေသပ်မှုကို အခွင့်ကောင်းယူပြီး နောက်ခံကစားသမားတွေနဲ့ ဂိုးသမားတို့ကြားကနေ ကြားဖြတ်ကန်သွင်းယူပြီး မန်ယူအသင်းအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဖယ်လိုင်နီ၊ ပေါ့ဂ်ဘာတို့ကို ထည့်သွင်းပြီး နောက်ဆုံးမိနစ်တွေအထိ ဦးဆောင်ဂိုး ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တစ်ဖက် ၂ ဂိုးစီသရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က