အူနိုင်းအမ်မရီရဲ့အာဆင်နယ်အသင်းရဲ့နောက်ပိုင်းပွဲစဉ်တွေပွဲထွက်လူစာရင်းမှာ ဒဏ်ရာအကြောင်းပြပြီး ချန်လှပ်ခံနေရတဲ့ အိုဇေးလ်ကို ရောင်းထုတ်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ အင်္ဂလန်မှာထွက်ပေါ် နေပါတယ်။
Photo: The Sun
အင်္ဂလန်မီဒီယာ The Sun ကတော့ အိုဇေးလ်ကို အီတလီစီးရီးအေကလပ် အင်တာမီလန်ကို ရောင်းထုတ်တော့မယ်လို့ သတင်းဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းဟာ ဂျာမနီကစားသမားကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ကို အလိုမရှိတော့ဘူးလို့ အင်္ဂလန်မီဒီယာအချို့ကဖော်ပြနေပါတယ်။
လက်ရှိအချိန်မှာလည်း အိုဇေးလ်ဟာ ဒဏ်ရာရနေပြီး အသင်းရဲ့ပွဲထွက်စာရင်းမှာပါဝင်ခွင့်ပျောက်နေပါတယ်။ အိုဇေးလ်နဲ့အာဆင်နယ်အသင်းအကြားမှာ ဒဏ်ရာ ပြဿနာအပြင် နောက်ထပ်အတည်မပြုနိုင်တဲ့ ပြဿနာတစ်ရပ်ရှိနေသေးတယ်လို့လည်း သတင်းတွေကဖော်ပြနေပါတယ်။
ကစားသမား၊ နည်းပြအတွက် မှတ်တမ်းဆိုးတွေနဲ့ ရှုံးချက်နာခဲ့တဲ့ မန်စီးတီး
ဒီပြဿနာကတော့ အိုဇေးလ်ဟာ ဂိမ်းအလွန်အကျွံစွဲလန်းနေတဲ့ ပြဿနာပါ။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ အိုဇေးလ်အပေါ် အလွန်ဒေါသထွက်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်း ထုတ်ရောင်းဖွယ်ရှိနေပါတယ်။
အင်္ဂလန်မီဒီယာ The Sun ကတော့ အာဆင်နယ်အသင်းအနေနဲ့ အိုဇေးလ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ စီးရီးအေကလပ် အင်တာမီလန်ကို ရောင်းချတော့မယ်လို့ ဖော်ပြထားပါတယ်။
Photo: The Sun
အိုဇေးလ်ကို အင်တာမီလန်အသင်းအပြင် ဂျုဗင်တပ်အသင်းကလည်း စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့အတွက် အိုဇေးလ်ရဲ့အကိုဖြစ်သူက စီစဉ်နေတယ်လို့လည်းသိရပါတယ်။ အာဆင်နယ်အသင်းဟာ အိုဇေးလ်ကို ပြောင်းရွှေ့ကြေးပေါင် ၂၅သန်းဝန်းကျင်နဲ့ရောင်းထုတ်မယ်လို့လည်း The Sun ကဖော်ပြထားပါတယ်။
Photo: The Sun
အသက် ၃၀အရွယ် ဂျာမနီလက်ရွေးစင်ဟောင်းဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ နဲ့ စံချိန်တင်လစာရရှိနေသူပါ။ အိုဇေးလ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၄၂.၅သန်းနဲ့ပြောင်းရွှေ့လာသူဖြစ်ပြီး နည်းပြ အာစင်ဝင်းဂါးလက်ထက်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူပါ။ လက်ရှိအချိန်မှာတော့ အိုဇေးလ်မပါတဲ့ အာဆင်နယ်အသင်းဟာ ရလဒ်ကောင်းနေပြီး နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကစားထားနိုင်ပါတယ်။