ရော်နယ်ဒိုနေရာမှာ အစားထိုးဖို့ဟာဇက်ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ရီးရဲအသင်းက ပေါင် သန်း ၁၅၀ အထိ ပေးချေဖို့ သဘောတူထားပေမယ့် ချဲလ်ဆီးကတော့ ရီးရဲမပေးဘူးထင်ရမယ့် ပေါင် သန်း ၂၀၀ တိုးတောင်းထားကာ အပြောင်းအရွှေ့ ကတော့ စိတ်လှုပ်ရှားဖို့ကောင်းနေပါပြီ။

Chelsea-Eden-Hazard-1002217.jpg

Photo - Express

 

ချဲလ်ဆီးက ကွင်းလယ်တောင်ပံ ကစားသမား ဟာဇက်ကို စပိန်အင်အားကြီးကလပ်ဖြစ်တဲ့ ရီးရဲက ခေါ်ယူနိုင်ရေး ကမ်းလှမ်းမှုများ ပြုလုပ်ထား ပေမယ့်လည်း ချဲလ်ဆီးနည်းပြ ဆာရီကတော့ ဘယ်ကမ်းလှမ်းမှုကိုမှ လက်ခံသွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

အာဆင်နယ် ဝ-၂ မန်စီးတီးပွဲစဉ်က ထူးခြားဖြစ်စဉ်များ 

ရီးရဲအသင်းကလည်း အင်တိုက်အားတိုက် ချိတ်ဆက်နေပြီး အသင်းကထွက်ခွာသွားတဲ့ ကြယ်ပွင့်ကစားသမားရော်နယ်ဒိုနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

Photo - Express

 

ရီးရဲအသင်းက လက်ရှိမှာတော့ ဟာဇက်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၁၅၀ အထိ သတ်မှတ်ပေးထားပေမယ့်လည်း ချဲလ်ဆီး အသင်းက ပေါင် သန်း ၂၀၀ အထိ တိုးတောင်းလျက်ရှိပါတယ်။

လက်ရှိမှာ ကမ္ဘာ့ဖလားပွဲကစားထားလို့ နားရက်နေ ပြန်လည်ရောက်ရှိနေတဲ့ ဟာဇက်ကို တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ နဲ့ စာချုပ်သစ်ချုပ်ဆို ထားပြီးအသင်းမှာ ဆက်ထိန်းနိုင်ရေးလည်းကြိုးပမ်းနေတယ်လို့သိရပါတယ်။

Photo - Express

 

ဒါပေမယ့်လည်း အသင်းကနေ ရီးရဲအသင်းထံ ရောင်းထုတ်ထားတဲ့ ဂိုးသမားကော်တိုရစ်နဲ့ ဟာဇက်တို့ကြားက ဆက်ဆံရေးက ဟာဇက် ရီးရဲကို လိုက်ပါကစားစေဖို့ တွန်းအားများနေတယ်လို့လည်းမီဒီယာတွေက သုံးသပ်နေပါတယ်။

အကြောင်းကတော့ ဘယ်လ်ဂျီယံ ကစားဖော်တွေ ဖြစ်တဲ့ ဟာဇက်နဲ့ ကော်တိုရစ်တို့က သူငယ်ချင်းတွေ ဖြစ်ကြပြီး ကော်တိုရစ်ရဲ့ အပြောင်း အရွှေ့အပေါ်မှာလည်း ဟာဇက်က ဂုဏ်ယူတယ်လို့ ပြောဆိုထားတာလည်း ရှိပါတယ်။

ဒီအချိန်မှာ ကေ်ာတိုရစ်ကလည်း - " သူရီးရဲကို လိုက်ပါနိုင်မယ်ဆိုရင်တော့ ဒါက တစ်ကယ်ကို မထင်မှတ်ထားတဲ့ အံ့အားသင့်ဖွယ်ရာတွေ ဖြစ်လာ မှာပါ။" လို့ ပြန်လည် ပြောဆိုထားတာလည်း ရှိပါတယ်။

ဒီအဖြစ်အပျက်တွေအပေါ်မှာချဲလ်ဆီး နည်းပြ ဆာရီကတော့ တွင်တွင်ငြင်းဆိုထားပြီး ဟာဇက် ချဲလ်ဆီးမှာ ပျော်နေတယ်လို့သာ ထုတ်ဖော်ပြော နေပါတယ်။

"ဟာဇက် ကျွန်တော်တို့နဲ့ ရှိပါတယ်။သူနဲ့ကျွန်တော် စကားပြောဖြစ်တဲ့ ၃ ၄ ကြိမ်တိုင်းမှာ အပြောင်းအရွှေ့အကြောင်း လုံးဝမပြောဖြစ်ပါဘူး။" လို့ ဆာရီကဆိုပါတယ်။

ဒါပေမယ့် ငွေကြေး အင်အား နိုင်နင်းတဲ့ ရီးရဲအတွက် ဟာဇက်ကို ခေါ်ယူဖို့ အချိန် အလုံအလောက်ကျန်သေးပြီး ငွေကြေးအင်အားနဲ့သာ ဖိအား ပေးလာခဲ့မယ်ဆိုရင် ချဲလ်ဆီးသူဌေးက ဘယ်လောက်ထိ ခံနိုင်မှာလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

Share

Loading Next Article...
က္က