ဟက်ထရစ်သွင်းယူခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ယမန်နေ့က DFL စူပါဖလားပွဲစဉ်အဖြစ် ဖရန့်ဖတ်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူခဲ့ပြီး ကမ္ဘာ့ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးသောမတ်စ်မူလာက ယမန်နေ့က ပွဲစဉ်မှာ လီဝန်ဒေါစကီးက ၎င်းကို ဘိုင်ယန်မြူးနစ်အသင်းက ရောင်းချဖို့ ဘာကြောင့် ငြင်းဆိုခဲ့ရလဲဆိုတာကို ပြသနိုင်ခဲ့တာဖြစ်တယ်လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဖရန့်ဖတ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး DFL စူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် ခြေစွမ်းပြသပြီး ဟက်ထရစ်သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးက စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့အတွက် အသင်းပြောင်းရွှေ့ကစားလိုနေတာဖြစ်ပါတယ်။ သောမတ်စ်မူလာက အသင်းဖော် လီဝန်ဒေါစကီးရဲ့ စွမ်းဆောင်ရည်ဟာ ဝေဖန်မှုတွေအတွက် အကောင်းဆုံးတုံ့ပြန်မှုဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ဘာကြောင့် မရောင်းချနိုင်ဘဲဖြစ်နေလဲဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

robert-lewandowski-cropped_zbrd8y3643gh1axzkhjzcmill.jpg

"ဝေဖန်မှုတွေအတွက် သူ့ဆီက အကောင်းဆုံးတုံ့ပြန်မှုတစ်ခုပါပဲ။ သူ့ရဲ့ခြေစွမ်းအဆင့်အတန်းကို ဘယ်သူ့ကိုမှ သက်သေပြသစရာမလိုပေမယ့် သူ့ရဲ့အရည်အချင်းကို နောက်ထပ်တစ်ကြိမ် ပြသနိုင်ခဲ့တာပါ"

"သူ့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ခြေစွမ်းကောင်းမွန်နေပြီလားဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ သူက ကျွန်တော်တိုု့အတွက် ကြီးကြီးမားမား အရေးပါတဲ့ကစားသမားတစ်ယောက်ပါ။ အဲဒါကြောင့်လည်း အသင်းက သူ့ကို ထွက်ခွာခွင့်မပြုနိုင်တာပါ"လို့ ပြောကြားခဲ့ပါတယ်။

စတားလင်းရဲ့အဖွင့်ဂိုးနဲ့ပတ်သက်ပြီး အသင်းဖော်တွေရဲ့ပြစ်တင်မှုကို ခံနေရတဲ့ ဂွမ်ဒိုဇီ 

ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ယမန်နေ့က ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ ဘိုတန်ကိုလည်း သောမတ်စ်မူလာက အသင်းကနေ မထွက်ခွာစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်။ သူက အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက်ပါပဲ။ တကယ်လို့ သူ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် သူ့လိုမျိုး အရည်အချင်းရှိတဲ့ နောက်ခံကစားသမားဆိုတာ လက်ချိုးရေလို့ ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က