(၁၀)နှစ်အတွင်း ပရိသတ်အနည်းပါးဆုံး ဖြစ်ခဲ့တာပါ။

တနင်္လာနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ဂီတာဖေးအသင်းတို့ရဲ့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးပွဲစဉ်ကို လာရောက်ကြည့်ရှူသူ ပရိသတ်ဦးရေဟာ (၁၀)နှစ်တာ ကာလအတွင်း အနည်းဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ဖြစ်လာခဲ့တဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။



Photo : Goal.com

 

ဘာနေဗျူးမှာ (၉)နှစ်ကြာ ကစားခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို မရှိတော့တဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါအဖွင့်ပွဲကို ဂီတာဖေးနဲ့ ကစားခဲ့ပါတယ်။ ဒန်နီကာဗာဟယ် နဲ့ ဂါရတ်ဘေးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ရီးရဲလ်က (၂)ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ ပရိသတ် လာရောက်ကြည့်ရှူမှုနှုန်း ကျဆင်းခဲ့တာကတော့ ရီးရဲလ်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

မှန်ကန်တဲ့ ခံယူချက် မရှိခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ ပေါလ်ပေါ့ဂ်ဘာ 

Photo : Goal.com

 

ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းပွဲကို ပရီသတ် (၄၈၄၆၆) သာ လာရောက်ကြည့်ရှုခဲ့ပါတယ်။ ပရိသတ်ဦးရေ (၈)သောင်းကျော် ဝင်ဆံ့တဲ့ ဘာနေဗျူးကွင်းကြီးမှာ ပရိသတ်ထက်ဝက်ခန့်သာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၀၈-၀၉ ဘောလုံးရာသီမှာလည်း ရီးရဲလ်ဟာ အခုလိုမျိုး ပရိသတ်လာရောက်အားပေးမှု နည်းပါးတာကို တွေ့ကြုံခဲ့ရပါတယ်။

Photo : Goal.com

 

ထိုစဉ်က အသင်းအနေနဲ့ ဘာစီလိုနာကို ၆-၂ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်တဲ့ပွဲ အပါအဝင် ငါးပွဲဆက်အရေးနိမ့်ခဲ့ပြီး ကွင်းအတွင်းမှာ ပရိသတ်တွေ အနည်းအကျဉ်းသာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ရီးရဲလ်အနေနဲ့ ရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်ကနေ ခေါ်ယူခဲ့ပြီး အသင်းဟာလည်း ချန်ပီယံလိဂ်ဖလား (၄)လုံးကို (၉)နှစ်အတွင်း ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Photo : Goal.com

ရော်နယ်ဒို ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားပြီးနောက် အမှတ်ပေးပြိုင်ပွဲရဲ့ ပထမဆုံးအိမ်ကွင်းပွဲမှာပဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေဟာ လျော့ကျသွားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပုံရိပ်ကြီးမားမှု၊ ကစားသမားရဲ့ ခြေစွမ်းကို ကြည့်ရှုချင်တဲ့ ပရိသတ်တွေဟာ ကွင်းအတွင်းကို ရောက်မလာတော့ပဲ ထိုင်ခုံလွတ်တွေ အများအပြားကို မြင်တွေ့ခဲ့ရပါတယ်။

Photo : Managing Madrid

 

ဒါဟာ တိုက်ဆိုင်မှု သက်သက်တစ်ခုလား၊ ရော်နယ်ဒို ထွက်ခွာခဲ့တာကြောင့် အသင်းအပေါ် ပရိသတ်ရဲ့ စိတ်ဝင်စားမှုတွေ လျော့ကျသွားတာလားဆိုတာကိုတော့ နောက်လာမယ့် ပွဲစဉ်တွေမှာ သိရှိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဖွင့်ပွဲစဉ်မှာပဲ ပရိသတ်ဦးရေ ထက်ဝက်ခန့် ကွင်းအတွင်းမှာ ရှိမနေခဲ့တာဟာ ရီးရဲလ်အတွက်တော့ စိတ်ပူစရာအကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က