ခြေထောက်နဲ့ ဆောင့်နင်းခဲ့တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ၎င်းရဲ့လုပ်နေကျပုံစံအတိုင်း အင်္ဂလန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့့်ခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့တောင်ပံကစားသမား ရာဟင်းစတားလင်းကို ဒုတိယပိုင်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ရုပ်သံမှာ မြင်တွေ့ခဲ့ရပါတယ်။

sterling-agony-a35d.png



စပိန်အသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာဂျီယိုရာမို့စ်ဟာ ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းရဲ့တောင်ပံကစားသမား ရာဟင်းစတားလင်းကို ဗီလိန်ဆန်ဆန် ခြေထောက်နဲ့ ဆောင့်နင်းခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

ဘာနေဗျူးကို ဟယ်ရီကိန်း လာရောက်ဖို့ ရာမို့စ် သွေးဆောင်ခဲ့တာလား 

ဆာဂျီယိုရာမို့စ်ဟာ ပင်နယ်တီဧရိယာထဲမှာ လဲကျနေတဲ့ ရာဟင်းစတားလင်းနားမှာ ဘောလုံးမရှိတော့ပေမယ့် အနားကိုကပ်သွားပြီး မသိမသာ ဆောင့်နင်းခဲ့တာကို ရုပ်သံဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပြီး လူမှုကွန်ရက်တွေမှာ ရာမို့စ်ရဲ့လုပ်ရပ်ဟာ ပရော်ဖက်ရှင်နယ်မဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ရာမို့စ်ဟာ ယင်းလုပ်ရပ်ကြောင့် တိုက်ရိုက်အနီကတ်ပြသပြီး ထုတ်ပယ်ခံရမှာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်က အရေးယူခဲ့ခြင်းမရှိခဲ့ပါဘူး။ ယခုလို ရည်ရွယ်ချက်ရှိရှိ ပြိုင်ဘက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ကြောင်း စွပ်စွဲခံရတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့စဉ်က လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာကို ဒဏ်ရာရရှိအောင် တမင်ကျူးလွန်ခဲ့တယ်လို့ လီဗာပူးပရိသတ်တွေရဲ့ စွပ်စွဲခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

[No available link text] 

စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြ လူးဝစ္စအန်းနရစ်ကတော့ ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး တစ်စုံတရာပြောကြားခဲ့ခြင်းမရှိဘဲ ရိုဒရီဂိုကို ပင်နယ်တီဧရိယာအတွင်းမှာ ဂျော်ဒန်ပစ်ဖို့ဒ် နောက်ကနေ ဆွဲခဲ့တဲ့ဖြစ်စဉ်မှာ စပိန်အသင်း ပင်နယ်တီရရှိဖို့အတွက် ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က