ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်ဟာ ဘလွန်းဒီအော်ဆုကို ရရှိလိုနေတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဘာမှ ကွဲပြားခြားနားသွားမှာမဟုတ်ကြောင်း လူကာမိုဒရစ်က ပြောကြားခဲ့ပါတယ်။ လူကာမိုဒရစ်ဟာ ယခုနှစ်မှာ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ဥရောပရဲ့အကောင်းဆုံးကစားသမားဆုတွေအပြင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆုရရှိခဲ့သူဖြစ်ပါတယ်။
Photos: Daily Mail
ခရိုအေးရှားလက်ရွေးစင်အသင်းခေါင်းဆောင် လူကာမိုဒရစ်ဟာ ၎င်းအနေနဲ့ ယခုနှစ်မှာ ဆုရရှိခဲ့သည်ဖြစ်စေ၊ မရရှိခဲ့သည်ဖြစ်စေ ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဘလွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူကာမိုဒရစ်ဟာ ရီးရဲမက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား၊ ခရိုအေးရှားအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် တစ်ဦးချင်းဆုတွေကို ရရှိဖို့အတွက် ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။
Photos: Daily Mail
"ကျွန်တော် နောက်ဆုံးပြောခဲ့တာက ဒီလိုကြီးမားတဲ့ဆုအတွက် ပြိုင်ပွဲထဲမှာ ပါဝင်နေရတဲ့အတွက် ဂုဏ်ယူမိတယ်ဆိုတာပဲ"
"တကယ်လို့ အဲဒါသာ ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်တော့်ထက် ပျော်တဲ့သူရှိတော့မှာမဟုတ်ပါဘူး။ တကယ်လို့ မဖြစ်ခဲ့ရင်လည်း ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး"
"ကျွန်တော့်ရဲ့နှစ်တစ်နှစ်က အရမ်းကောင်းခဲ့တယ်။ အဲဒီလောက်ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။
ခရိုအေးရှားအသင်းဟာ ယမန်နေ့ညက ဝင်ဘလေကွင်းမှာ အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နေးရှင်းလိဂ် လိဂ် A အုပ်စု ၄ ရဲ့အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်ခဲ့ကြောင့် လိဂ် B ကို တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။