မကွေးက လက်ရွေးစင်ဟောင်း ဆက်ဖြိုးေ၀ အသင်းနဲ့လမ်းခွဲထားလို့ ခေါ်ယူဖြစ်မလား စိတ်ဝင်စားဖို့ ကောင်းပါတယ်။

နည်းပြသစ် ဦးမင်းသူလက်ထက်မှာ လက်ရွေးစင်ခြေစွမ်းရှိတဲ့ လူငယ်ကွင်းလယ်ကစားသမားတွေကို အားဖြည့်သွားမှာ ဖြစ်ပြီး လောလောဆယ် မှာတော့ မကွေးက ဆက်ဖြိုးေ၀ အသင်းနဲ့လမ်းခွဲထားပါတယ်။

Photo - Shan Utd

 

မြန်မာနေရှင်နယ်လိဂ်(၁)ကလပ် ရှမ်းယူနိုက်တက်အသင်းကတော့ လာမယ့်နှစ် ၂၀၁၉ ဘောလုံးရာသီသစ်တွက် ပြင်ဆင်မှုတွေကို စတင် ပြုလုပ် နေပြီဖြစ်ပါတယ်။

အိန္ဒိယအသင်းကို အနိုင်ယူပြီး မြန်မာအမျိုးသမီးအသင်း အုပ်စုဗိုလ်နဲ့ ခြေစစ်ပွဲအောင် 

ရာသီသစ်အတွက် နည်းပြချုပ်အဖြစ် လူငယ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဟောင်း ကိုမင်းသူကို ခန့်အပ်တာဝန်ပေး အပ်ထားပြီး ဒီနှစ်တော့ ပြည်တွင်းနည်းပြနဲ့ ပွဲထွက်လာပါတော့မယ်။

Photo - Shan Utd

 

ဦးမင်းသူက အသင်းအတွက် လိုအပ်တဲ့ ကစားသမားခေါ်ယူမှုအဖြစ် - " ကျွန်တော် ကွင်းလယ်ဖြည့်မယ်၊ နိုင်ငံခြားသား အလုံအလောက်ဖြည့်မယ်၊ ဒီနှစ်မှာ ဖလားတစ်ခုခုရစေရမယ်။" ဆိုပြီး ပြောထားပါတယ်။

လက်ရှိမှာ ပြည်တွင်းကစားသမားခေါ်ယူမှုတွေ အတိအကျ မသိရသေးပေမယ့်လည်း အသင်းကို လက်ရွေးစင်အဆင့် ခြေစွမ်းရှိတဲ့ ကွင်းလယ် ကစားသမား ၂ ဦးကို ခေါ်ယူအားဖြည့်မယ်လို့ အသင်းရဲ့ မီဒီယာတာဝန်ခံ ကိုအောင်ပိုင်က ပြောပါတယ်။

Photo - MFF

 

"လက်ရွေးစင်အဆင့် ရှိတယ်ဆိုတာ အမြဲတမ်း လက်ရွေးစင် ဖြစ်နေတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ အရင်က ဖြစ်ဖူးတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ သေချာတာကတော့ သူတို့ခြေစွမ်းက လက်ရွေးစင်အဆင့်မှာရှိနေတယ်။" လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လက်ရွေးစင် ကစားသမားဟောင်း ဆက်ဖြိုးဝေအနေနဲ့ မကွေးအသင်းနဲ့ လမ်းခွဲထားမှုလည်း ရှိတဲ့အတွက် ရှမ်းယူနိုက် တက် အသင်းအနေနဲ့ ခေါ်ယူမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရပါမယ်။

ရှမ်းယူနိုက်တက်အသင်းကတော့ မနှစ်က လိဂ်မှာ အဆင့် ၂ ရခဲ့လို့ ၂၀၁၉ ခုနှစ်အတွက် AFC CUP ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပါ တယ်။

Share

Loading Next Article...
က္က