ZTE A20 5G လို့ ပြောထားပါတယ်

စမတ်ဖုန်းလောကမှာ အပြောင်းအလဲဖြစ်လာမယ့် feature တစ်ခုကို ZTE ထုတ် စမတ်ဖုန်းတစ်လုံးမှာ စတင် မြင်ရဖို့ ရှိပါတယ်။

OPPO ဟာ Under-Display ကင်မရာသုံး နမူနာဖုန်းတစ်လုံးကို ထုတ်ပြခဲ့ပေမယ့် ‌ဈေးကွက်ဝင် Under-Screen ကင်မရာပါ ဖုန်းကတော့ ZTE A20 5G ဖြစ်မယ်လို့ ဆိုပါတယ်။ တရုတ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Weibo မှာ ZTE ဟာ ကမ္ဘာ့ပထမဆုံး မှန်ပြင်အောက် ကင်မရာပါ ဖုန်းကို ကြေညာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကုမ္ပဏီ ရဲ့ မိုဘိုင်းထုတ်ကုန်ဌာန ဥက္ကဌဖြစ်သူ နီဖိုင်က ရေးထားပါတယ်။



Photo: Gizmochina

ဖုန်းဒီဇိုင်းနဲ့ ထွက်မယ့်ရက် ပြောမထားပေမယ့် ဖုန်းရဲ့ နာမည်ကို ZTE A20 5G လို့ ပြထားပါတယ်။ ဒီဖုန်းဟာ Under-display ကင်မရာပါ panel တွေ ထုတ်လုပ်နေတဲ့ Visionox display ကို သုံးလာဖို့လည်း ရှိပါတယ်။ တရုတ် display ကုမ္ပဏီ Visionox ဟာ ပြီးခဲ့တဲ့ လထဲမှာပဲ Under-display ကင်မရာ ထုတ်လုပ်မှု လုပ်နေပြီး မကြာခင်မှာ စမတ်ဖုန်းတွေပေါ် ရောက်လာမယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက မှန်ပြင်အောက် ကင်မရာပါ Prototype ဖုန်းတစ်လုံးကို OPPO က MWC Shanghai မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ မှန်ပြင်အောက် ကင်မရာနည်းပညာဟာ ရှေ့ကင်မရာကို display အောက်မှာ ဖျောက်ထားမှာ ဖြစ်လို့ သာမန်မျက်စိနဲ့ မြင်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Visionox ဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Xiaomi ၊ OPPO နဲ့ Huawei တို့အတွက်ကလည်း Under-display ကင်မရာနည်းပညာ ပံ့ပိုးသွားမယ်လို့ ပြောထားပါတယ်။ ZTE A20 5G ကတော့ ဩဂုတ်လကုန်ပိုင်း ဒါမှမဟုတ် စက်တင်ဘာလဆန်းပိုင်းမှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က