ထူးခြားတဲ့ display သစ်နဲ့လာဖို့ရှိပါတယ်။

     OnePlus 7 Pro ဟာ ဆန်းသစ်ထူးခြားတဲ့ display နဲ့5G ရတဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရမှာ သေချာနေပြီ ဖြစ်ပါတယ်။

         ထွက်ရှိမယ့် ရက်မသိရသေးပေမယ့် OnePlus ရဲ့ CEO ဖြစ်သူ Pete Lau မှ The Verge ကို အတည်ပြုပြောကြားခဲ့တာ ဖြစ်ပြီး OnePlus 7 ရဲ့ Pro မော်ဒယ်မှာ သိသာထင်ရှားတဲ့ display နည်းပညာမြှင့်တင်မှုရှိပြီး 5G ရမယ်လို့ဆိုပါတယ်။ Pete Lau ကတော့ OnePlus ဟာ OnePlus 7 Pro မော်ဒယ်ရဲ့ display ပိုင်းမှာ အရင်မော်ဒယ်တွေထက် ၃ ဆ အချိန်ပိုပေးထားတယ်လို့လည်း ပြောထားပါတယ်။



Photo: GSMArena

         OnePlus 7 Pro မှာ သုံးသွားမယ့် panel သစ်ဟာ မိုဘိုင်း display လောကမှာ benchmark သစ် ဖြစ်လာပြီး မြန်ဆန်ချောမွေ့မှုမှာ အသစ်ဖြစ်လာလိမ့်မယ်လို့သူက ဆိုပါတယ်။ "တစ်ခြားဟာထက် OnePlus 7 Pro ရဲ့ display ဟာ super-smooth ဖြစ်ပြီး အလွန်အံ့သြစရာကောင်းပါလိမ့်မယ် လို့Pete Lau က ပြောပေမယ့် ဖုန်းမှာ သုံးမယ့် specs တွေတော့ မသိရသေးပါဘူး။

         ကောလာဟလတွေအရ OnePlus 7 Pro ဟာ 90Hz screen သုံးမယ်လို့ဆိုပေမယ့် Pete Lau ရဲ့ အပြောနဲ့တော့ ဝေးနေပါတယ်။ လက်ရှိဖုန်း display လောကမှာ Razer Phone 1 နဲ့ 2 တို့ဟာ 120Hz display နဲ့လာပြီး ASUS ROG phone မှာ 90Hz display သုံးထားတာပါ။ ဂိမ်းဖုန်းလောကမှာပဲ ရောက်သေးတဲ့ ဒီ screen တွေဟာ စမတ်ဖုန်းဈေးကွက်ထဲက သာမန် 60Hz screen တွေထက် screen refresh rates ပိုမြန်တာကြောင့် ဂိမ်းကစားမှုမှာ ထူးခြားတဲ့ ရသကို ပေးစွမ်းနိုင်ပါတယ်။




         OnePlus 7 Pro အကြောင်း နောက်ထပ် သိရတာတစ်ခုက 5G ကွန်ရက်ရမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ကျောဘက်မှာ triple lens နဲ့လာပြီး dual speakers ၊ 30W Snapdragon 855 processor နဲ့in-display လက်ဗွေနည်းပညာများ သုံးသွားမယ်လို့လည်း သတင်းထွက်ထားပါတယ်။ high-end ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 855 processor နဲ့လာမယ့် ဒီဖုန်းကို မိတ်ဆက်မယ့်ရက် စောင့်ကြည့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က