Side-mounted pop-up ကင်မရာနဲ့ လာတဲ့ဖုန်းပါ

Lenovo ရဲ့ အမိုက်စား Gaming ဖုန်းတစ်လုံးဖြစ်တဲ့ Lenovo Legion Duel ကို ဥရောပဈေးကွက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ 

ဒီဖုန်းမှာ ဈေးကွက်ထဲက ဖုန်းတွေနဲ့ လုံးဝကွဲပြားတဲ့ Selfie ကင်မရာတည်ဆောက်ပုံ ပါရှိပါတယ်။ Lenovo Legion Duel ဟာ ဖုန်းညာဘက်ကိုယ်ထည်ဘောင်မှာ pop-up selfie ကင်မရာ တပ်ထားတာပါ။ Gaming ဖုန်းဖြစ်လို့ အလျားလိုက်ထား ဂိမ်းကစားရင်း Streaming လွှင့်လို့ အဆင်ပြေအောင် ထုတ်ထားတာ ဖြစ်ပါတယ်။



Photo: gsmarena

Screen size ၆.၆၅ လက်မရှိပြီး 144Hz AMOLED display သုံးထားတာကြောင့် ဂိမ်းကစားချိန် ထစ်သွားတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ processor ကိုလည်း နောက်ဆုံးထွက် အမြင့်ဆုံး processor ဖြစ်တဲ့ Qualcomm Snapdragon 865+ နဲ့ လာပြီး Adreno 650 GPU ပါရှိပါတယ်။ RAM 16GB/512GB UFS 3.1 storage အထိ ထွက်ထားပါတယ်။

pop-up ကင်မရာဟာ 20MP wide lens ဖြစ်ပြီး ကျောဘက်မှာ 64MP wide နဲ့ 16MP ultrawide ကင်မရာနှစ်လုံး သုံးသွားပါတယ်။ ဘက်ထရီပါဝါဟာ 5000mAh ဖြစ်ပြီး charging speed ကတော့ မော်ဒယ်အလိုက် ကွာခြားမှု ရှိပါတယ်။ RAM 8GB/128GB storage မော်ဒယ်ဟာ 45W charging ၊ RAM 12GB/128GB, 256GB storage မော်ဒယ်ဟာ 65W charging နဲ့အတူ အမြင့်ဆုံးမော်ဒယ်ဟာ 90W charging အထိ ပံ့ပိုးထားပါတယ်။

Photo: wiredupreport

ဥရောပဈေးကွက်မှာ LEGIONEARLYBIRD ပရိုမိုကုဒ်နဲ့ ဝယ်မယ်ဆိုရင် ယူရို ၉၀ တန် Lenovo Smart Clock ဖြစ်စေ ယူရို ၁၅၀ တန် Lenov Yoga ANC on-ear နားကြပ်တစ်ခုပါ လက်ဆောင်ရမယ်လို့ ဆိုပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ယူရို ၂၅၀ လေးရစ်ပေးပြီးလည်း ဝယ်ယူနိုင်မယ်လို့ GSMArena သတင်းက ဆိုပါတယ်။

Lenovo Legion Duel ကို အရှေ့အလယ်ပိုင်း ၊ အာရှပစိဖိတ် နဲ့ လက်တင်အမေရိဈေးကွက်တွေမှာလည်း ဖြန့်ချိသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က