ဆုံးဖြတ်ချက်တော့ ထွက်မလာသေးပါဘူး

လာမယ့်နှစ်ထွက်မယ့် Galaxy S21 စီးရီးမှာ Samsung ဟာ Apple ကို အတုယူသွားဖို့ ရှိတယ်လို့ သတင်းထွက်နေပါတယ်။ 

တောင်ကိုရီးယားဒေသတွင်း သတင်းဌာနတစ်ခု ဖြစ်တဲ့ ChosunBiz က လာတဲ့ သတင်းတစ်ပုဒ်အရ Samsung ဟာ Galaxy S21 ဖုန်းသစ်ရဲ့ Retail box တွေမှာ USB-C အားသွင်းကြိုးကလွဲပြီး တခြား accessories တွေ မထည့်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ကတော့ ချမှတ်ခြင်း မရှိသေးပါဘူး။



Photo: Global News

Samsung ဟာ ၂၀၁၀ မှာပထမဆုံး မိတ်ဆက်ခဲ့တဲ့ Galaxy S ကနေ နောက်ဆုံးထွက် Galaxy S20 series အထိ S-series ဖုန်းတွေမှာ ကြိုးနားကြပ် ၊ USB cable နဲ့ အားသွင်းဖို့ charging brick တစ်ခုကို ထည့်ပေးလာခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ Apple ဟာ iPhone ဗူးတွေမှာ earbuds နဲ့ charger ထည့်မပေးတော့တဲ့ စနစ်ကို ကျင့်သုံးခဲ့တဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အတွက် အကျိုးများစေဖို့ ဖုန်းဗူးတွေကို သေးငယ်ကျစ်လစ်အောင် ထုတ်လုပ်တာလို့ Apple ဘက်က ပြောပေမယ့် တစ်ဖက်ကကြည့်မယ်ဆိုရင် စရိတ်စကသက်သာဖို့နဲ့ Charger တွေ ၊ earbuds တွေ သက်သက်ရောင်းပြီး ငွေရှာတာလို့လည်း ပြောနိုင်ပါတယ်။ 

iPhone 12 retail box တွေမှာ accessory တွေ လျှော့ချတဲ့အပေါ် ပြိုင်ဘက်ဖုန်းကုမ္ပဏီတစ်ချို့က လူမှုကွန်ရက်ကတစ်ဆင့် လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီထဲမှာ Samsung လည်း ပါဝင်ခဲ့ပါတယ်။ အခုတော့ Samsung ကိုယ်တိုင် Apple ရဲ့ လမ်းစဉ်ကို လိုက်ဖို့စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာတာ ဖြစ်ပါတယ်။

Photo: Gizmochina

Samsung ဟာ iPhone 7 မှာ 3.5 mm headphone jack ဖြုတ်ခဲ့တုန်းကလည်း Apple ကို လှောင်ပြောင်တဲ့ ကြော်ငြာတွေပါ တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ headphone Jack မပါတော့တဲ့ Samsung ဖုန်းတွေအများကြီးကို တွေ့လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းနှစ်တွေမှာ charger နဲ့ earbud မပါတဲ့ Samsung ဖုန်းတွေ မြင်ရမယ်ဆိုရင် အံ့ဩစရာတော့ ဖြစ်မှာ မဟုတ်ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က