ထူးခြားပြီး စွမ်းဆောင်ရည်မြင့်တဲ့ ဖုန်းတစ်လုံး ဖြစ်လာမှာပါ

3K OLED display နဲ့ မှန်ပြင်အောက် ဆယ်လ်ဖီကင်မရာသုံးလာမယ်လို့ သတင်းပြေးနေတဲ့ အမိုက်စား Meizu ဖုန်းတစ်လုံးရဲ့ render ပုံတွေ တက်လာပါတယ်။

Weibo ပေါ်တက်လာတဲ့ ပထမဆုံး render ပုံတွေနဲ့ အချက်အလက်တွေအရ Meizu 18 Max 5G ဟာ အတော်လေးစိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ Meizu 18 Max 5G ဟာ punch-hole နဲ့ notch တွေ မသုံးတဲ့ ဖုန်းတစ်လုံးဖြစ်သလို ရှေ့ကင်မရာအတွက်လည်း bezel ချန်ထားတာမျိုး မရှိပါဘူး။





ဒီဖုန်းဟာ မှန်ပြင်အောက်ကင်မရာစနစ်ကို သုံးလာတဲ့ ဒုတိယမြောက် တရုတ်ဖုန်းကုမ္ပဏီဖြစ်လာမှာပါ။ selfie ကင်မရာဟာ 32MP ဖြစ်ဖို့ ရှိပြီး ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာအိမ်ဒီဇိုင်း သုံးလာမှာပါ။ ကင်မရာအနေနဲ့ ZEISS lens နဲ့လာတဲ့ 64MP main sensor ပါဝင်လာမှာပါ။ 

screen ရဲ့ ရုပ်ထွက်အတိအကျ မသိရပေမယ့် 3K OLED panel နဲ့ လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ in-display ဆယ်လ်ဖီကင်မရာကြောင့် ရှေ့ screen တစ်ခုလုံးဟာ အပြည့်ဒီဇိုင်း ဖြစ်လာပါတယ်။ ဘက်ထရီပါဝါအကြောင်း မသိရသေးပေမယ့် wired charging အနေနဲ့ 120W နဲ့ 45W wireless charging ပံ့ပိုးပေးလာဖို့ ရှိပါတယ်။

Photo: gizchina


ဒီဖုန်းဟာ ၂၀၂၁ ရဲ့ high-end processor တစ်ခုဖြစ်တဲ့ Snapdragon 875 SoC ၊ UFS 3.1 storage နဲ့ LPDDR5 RAM အမျိုးအစား သုံးလာနိုင်ပါတယ်။ တစ်ခြား features တွေအနေနဲ့ dual stereo speakers တွေနဲ့ ဂိမ်းကစားဖို့အတွက် dual linear vibration motor တစ်ခုလည်း ပါရှိမှာပါ။

အခုထိတော့ ဒီသတင်းအားလုံးကို ချိန်ပြီး ယုံရမှာပါ။ တရားဝင် မိတ်ဆက်မယ့်သတင်းထွက်လာရင်တော့ ပိုပြီး ပြည့်ပြည့်စုံစုံ သေသေချာချာ ထပ်သိရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က