entry-level ဖုန်းတွေတော့ စာရင်းမှာ ပါမလာပါဘူး

Huawei ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး Harmony OS developer beta ဗားရှင်းကို ပထမဆုံး ဖြန့်ချိဖို့ ပြင်နေပါတယ်။ 

HarmonyOS ကို မိုဘိုင်းဗားရှင်းအဖြစ် လာမယ့်ဧပြီလထဲမှာ Public Beta ထုတ်ဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီရဲ့ အမှု‌ဆောင်တွေကတော့ Huawei နဲ့ Honor ဖုန်းအားလုံးရဲ့ ၉၀% ဟာ OS သစ် တင်နိုင်မယ်လို့ ဆိုပါတယ်။ Huawei Central ကလည်း HarmonyOS သစ် တင်လို့ရနိုင်မယ့် ဖုန်းအမျိုးအစား ၄၀ ကျော်အကြောင်း ထုတ်ပြန်ထားပါတယ်။



Photo: gsmarena


တရားဝင်ကြေညာမှု လုပ်ထားတာ မဟုတ်ပေမယ့် Honor V40 ၊ Huawei Nova 8 နဲ့ Nova 8 Pro တို့လည်း ဒီစာရင်းမှာ ပါနေပါတယ်။ Huawei Mate series အနေနဲ့ Huawei Mate 20 ၊ Mate 20 Pro ၊ Mate 20 X 4G/5G နဲ့ Huawei Mate 20 RS ကနေ နောက်ဆုံးထွက်ထားတဲ့ Huawei Mate 40 စီးရီးအထိ HarmonyOS သစ် တင်နိုင်မှာပါ။

Huawei P-series ၊ Mate series နဲ့ Nova စီးရီးထဲမှ ဖုန်းအမျိုးအစားပေါင်း ၂၈ ခု ၊ Honor ထဲမှ ဖုန်း ၁၄ မျိုး ၊ Huawei Watch GT 2/GT 2e နဲ့ Watch GT 2 Pro အပြင် တက်ဘလက်တွေ ဖြစ်တဲ့ Huawei MatePad Pro ၊ MatePad Pro 5G နဲ့ Honor Tablet V6 တို့လည်း HarmoyOS တင်နိုင်မယ်လို့ ဆိုပါတယ်။ 

လောလောဆယ်မှာ တန်ဖိုးနည်း entry-level ဖုန်းတွေတော့ OS သစ် တင်နိုင်မယ့်စာရင်းမှာ မတွေ့ရသေးပါဘူး။ Google Mobile Services မရတဲ့ Huawei ဖုန်းတိုင်း HarmonyOS ရမရဆိုတာ ပြောဖို့ စောနေတာလည်း ဖြစ်နိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က