စိတ်လှုပ်ရှားစရာ Galaxy S series တွေ မြင်ရတော့မှာပါ

Samsung Flagship ဖုန်းသစ်ဖြစ်တဲ့ Galaxy S21 စီးရီးကို ဇန်နဝါရီလထဲမှာ မိတ်ဆက်တော့မှာပါ။

နောက်လထဲမှာ မြင်ရမယ့် ဒီဖုန်းသစ်အကြောင်းကို ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက သတင်းတွေ ကြားနေရတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာ Samsung Mobile ဌာနဥက္ကဌနဲ့ အကြီးအကဲဖြစ်တဲ့ TM Roh ကိုယ်တိုင် အတည်ပြုတဲ့သတင်းပါ ကြားလာရပြီ ဖြစ်ပါတယ်။ Galaxy S21 ရဲ့ ဒီဇိုင်းနဲ့အတူ ပါမယ့် ထူးခြားတဲ့ features တချို့အကြောင်းလည်း သိရပါပြီ။



Photo: GSMArena

Galaxy S21 စီးရီးမှာ သိသာတဲ့ အပြောင်းအလဲတစ်ခုက Galaxy Note စီးရီးတွေမှာပဲ ထည့်သွင်းခဲ့တဲ့ Stylus Pen support ပေးသွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ S Pen support ကို Samsung ရဲ့ တခြားဖုန်းတွေမှာလည်း ပေးမယ်လို့ TM Roh က ဘလော့ဂ်မှာ ရေးထားပါတယ်။ 

" သုံးစွဲသူတွေအကြိုက် Galaxy Note အတွေ့အကြုံမျိုးကို ကျွန်တော်တို့ရဲ့ တခြားထုတ်ကုန်တွေမှာလည်း ပေးဖို့ စိတ်လှုပ်ရှားနေပါတယ်"လို့ သူ့ပို့စ်မှာ ပါရှိပါတယ်။

S Pen support ပေးတဲ့ ဖုန်းဟာ Galaxy S21 Ultra တစ်မျိုးတည်းပဲ ဖြစ်ဖို့ ရှိပြီး Z-series Foldable ဖုန်းတွေမှာလည်း ထည့်သွင်းသွားဖို့ ရှိပါတယ်။ TM Roh ကတော့ ဒီအချက်တွေ မပြောဘဲ Foldable ဖုန်းတွေ တိုးထုတ်သွားဖို့ လုပ်နေတယ်ဆိုတာပဲ ပြောသွားပါတယ်။ Galaxy Note စီးရီးနေရာမှာ Foldable ဖုန်းတွေနဲ့ အစားထိုးသွားဖို့ ရှိပါတယ်။

Photo: The Verge

ကြားနေရတဲ့ သတင်းတွေအရ Samsung ဟာ နောက်နှစ်ထဲမှာ Galaxy Z Foldable ဖုန်းသစ် ၄ မျိုး မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ ၂၀၂၁ ထွက် Samsung ဖုန်းတွေဟာ Pro-grade ကင်မရာနဲ့ ဗွီဒီယို စွမ်းဆောင်ရည်နဲ့ Super-Intelligent စနစ်တွေ ပါမယ်လို့လည်း ဆိုပါတယ်။ Galaxy S21 Ultra ဟာ 10x ဆွဲနိုင်မယ့် ပယ်ရီစကုပ်ပါ မျိုးဆက်သစ် 108MP main sensor သုံးလာဖို့ ရှိပါတယ်။

လောလောဆယ် Samsung ရဲ့ Galaxy Unpacked ပွဲနေ့ မသိရသေးပါဘူး။ ဇန်နဝါရီ ၁၄ ရက်နေ့ ဖြစ်မယ်လို့ပဲ ခန့်မှန်းနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က