Ultra မော်ဒယ်က အဆန်းသစ်ဆုံး features တွေ သုံးလာဖို့ ရှိပါတယ်

ကမ္ဘာ့အကြီးဆုံးဖုန်းကုမ္ပဏီရဲ့ အကောင်းဆုံး နောက်ဆုံးပေါ် Galaxy S series သစ် ကြေညာမယ့်ရက် ထွက်လာပြီ ဖြစ်ပါတယ်။ 

Samsung Galaxy S21 ဖုန်းသစ်တွေကို လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီပွဲရဲ့ Slogan က "Welcome to the Everyday Epic" လို့ ပေးထားပါတယ်။ ထုတ်ကုန် Teaser ဖော်ပြမှုမှာ ရေခဲတုံးတစ်ခုထဲ သုံးလုံးတွဲကင်မရာတစ်ခု ပြထားပြီး ကင်မရာ Module သစ် ဒီဇိုင်းလည်း ဒီ Teaser မှာ တွေ့ရပါတယ်။



Photo: techmymoney

ဇန်နဝါရီ ၁၄ ရက် Samsung ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Galaxy S21 ၊ Galaxy S21+ နဲ့ Galaxy S21 Ultra တို့ကို တရားဝင်မိတ်ဆက်သွားဖို့ ရှိပါတယ်။ ဒီပွဲမှာ Noise သံ စစ်ထုတ်မှု ထည့်ပေးထားတဲ့ Galaxy Buds Pro ကြိုးမဲ့ Earbuds နဲ့ Bluetooth ပါ အရာဝတ္ထုကို ရှာဖွေခြေရာခံနိုင်တဲ့ Galaxy SmartTag တို့လည်း မြင်ရဖို့ ရှိနေပါတယ်။

စမတ်ဖုန်းသစ်တွေထဲမှာ ထုံးစံအတိုင်း Galaxy S21 Ultra ဟာ အကောင်းဆုံးနဲ့ ပရီမီယံအကျဆုံးမော်ဒယ် ဖြစ်လာမှာပါ။ Ultra မော်ဒယ်မှာ 120Hz refresh rate နဲ့ QHD+ resolution တို့ ပါဝင်တဲ့အပြင် S Pen support လည်း ပေးသွားမယ်လို့ သတင်းထွက်နေပါတယ်။ နောက်တစ်ချက်က ကင်မရာပိုင်းမှာ 10x periscope ကင်မရာ ၊ 3x telephoto sensor နဲ့ ဗားရှင်းသစ် အဆင့်မြှင့်ထားတဲ့ 108MP sensor တို့လည်း သုံးလာဖို့ ရှိပါတယ်။

Galaxy S21 နဲ့ S21+ တို့ဟာလည်း သုံးလုံးတွဲကင်မရာ ၊ အသစ်ထွက်လာတဲ့ processor နဲ့ အနည်းငယ်ကြီးလာတဲ့ ဘက်ထရီပါဝါတို့လည်း သုံးလာဖို့ ရှိပါတယ်။ တစ်ခုရှိတာက ဒီနှစ်ထွက် ရိုးရိုးမော်ဒယ်နဲ့ Plus lineup တို့ဟာ 1080p flat display ပဲ သုံးလာဖို့ ရှိပြီး ကျောဘက်မှာ ပလတ်စတစ် panel တွေနဲ့ပဲ လာမယ်လို့ ဆိုပါတယ်။ 

Photo: 24newsorder

Galaxy S21 Ultra တစ်ခုပဲ ကျောဘက် Glass panel ၊ QHD+ curved display နဲ့ လာမှာပါ။ နောက်တစ်ခုက Galaxy S21 Ultra မှာ microSD card Slot တစ်ခုလည်း ပါလာဖို့ ရှိပါတယ်။ ဖုန်းသုံးမျိုးစလုံးဟာ ကိုရီးယားနဲ့ အမေရိကန်မှာ Snapdragon 888 processor နဲ့ တခြားဈေးကွက်တွေမှာ Exynos 2100 processor တို့နဲ့ ထွက်ရှိမယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေ မှန်မမှန်သိရဖို့ တရားဝင် မိတ်ဆက်ပွဲမှာ သိရတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က