Pixel 5 နဲ့အတူ မိတ်ဆက်သွားတာပါ

Google ရဲ့ ပထမဆုံး 5G ဗားရှင်းတန်ဖိုးသင့် Pixel ဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။

Google Pixel 4a 5G ဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ထွက်ခဲ့တဲ့ Pixel 4a ရဲ့ 5G ဗားရှင်း ဖြစ်ပြီး Launch Night In နာမည်နဲ့ Google ရဲ့ ဆောင်းရာသီထုတ်ကုန်မိတ်ဆက်ပွဲမှာ Pixel 5 ဖုန်းသစ်နဲ့အတူ ကြေညာသွားတာပါ။ Pixel 4a 4G မော်ဒယ်နဲ့ သိပ်ပြီး မကွာလှဘဲ 5G ဗားရှင်းမှာ ဈေးနှုန်း ဒေါ်လာ ၁၅၀ ပိုမြင့်သွားတာ ဖြစ်ပါတယ်။




Photo: Android Central

ဂျပန်ဈေးကွက်ထဲ အောက်တိုဘာ ၁၅ ရက်နေ့ ဝင်မှာ ဖြစ်ပြီး နိုဝင်ဘာလထဲမှာ အမေရိကန်အပါအဝင် နောက်ထပ် ၈ နိုင်ငံမှာ ဖြန့်ချိသွားမှာပါ။ Pixel 4a 5G ဗားရှင်းရဲ့ OLED screen ဟာ ၅.၈ လက်မ Pixel 4a standard ဗားရှင်းထက် ပိုကြီးပါတဲ့ ၆.၂ လက်မအရွယ်အစားနဲ့ လာပါတယ်။ Punch-hole ကင်မရာဒီဇိုင်းပဲ သုံးထားပြီး processor ကို အဆင့်မြှင့်လာတာပါ။

Pixel 4a ရိုးရိုးဗားရှင်းမှာ Snapdragon 730G processor သုံးခဲ့ပေမယ့် 5G ဗားရှင်းကတော့ နည်းနည်းပိုမြန်တဲ့ Snapdragon 765G Processor နဲ့ လာပါတယ်။ 5G မော်ဒယ်မှာ 3.5mm headphone jack သုံးလာပြီး RAM 6GB / 128GB storage သုံးထားပါတယ်။ ပါဝါပိုကြီးတဲ့ 3885mAh ဘက်ထရီနဲ့ လာပြီး 18W charging ပံ့ပိုးထားပါတယ်။ Wireless charging နဲ့ IP68 rating တော့ မပါရှိပါဘူး။

ကျောဘက်ကင်မရာဟာ Pixel 5 အတိုင်း 12.2MP main sensor ကိုမှ 16MP ultrawide lens နဲ့ တွဲသုံးထားတာပါ။ အရင်ထွက်ထားတဲ့ Pixel 4a မှာ ကျောဘက် 12.2MP ကင်မရာတစ်လုံးတည်း ပါရှိတာ ဖြစ်ပါတယ်။ Punch-hole ထဲမှာတော့ 8MP selfie ကင်မရာ ထည့်ထားပါတယ်။ ဈေးနှုန်း ဒေါ်လာ ၅၀၀ (မြန်မာငွေ ၆ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က