320Hz touch အထိ ပံ့ပိုးပေးနိုင်မှာပါ

Nubia ရဲ့ Gaming phone စီးရီးဖြစ်တဲ့ Red Magic ကနေ ဒီနှစ်အတွက် ဒုတိယမြောက် စိတ်ဝင်စားစရာ ဂိမ်းဖုန်းတစ်လုံးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာ Nubia ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ရတဲ့ Gaming Smartphone - Red Magic 5G ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်ခဲ့ပါတယ်။ နောက်ဆုံးပေါ် Qualcomm 865 chipset နဲ့ 144Hz display သုံးထားတဲ့ Red Magic 5G ဟာ တန်ဖိုးသင့်တဲ့ အဆင့်မြင့် ဂိမ်းဖုန်းတစ်လုံးရဲ့ ဟန်ကို ယူဆောင်နိုင်ခဲ့ပါတယ်။



ဒီတစ်ခါမှာတော့ Red Magic 5G ရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းအောင် အဆင့်မြှင့်ထားတဲ့ Red Magic 5S ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်ကြေညာသွားပြီ ဖြစ်ပါတယ်။ Red Magic 5S ဟာ သူ့အရင် ထွက်ထားတဲ့ Red Magic 5G ကို ထပ်ပြီး အဆင့်မြှင့်ထားတာပါ။

Photo: GSMArena


မျက်နှာပြင်အရွယ်အစား ၆.၆၅ လက်မကိုပဲ ဆက်သုံးထားပြီး FHD+ AMOLED display ပါရှိသလို 144Hz display ကိုပဲ ဆက်သုံးထားပါတယ်။ ဒီဖုန်းမှာ 240Hz touch sampling နဲ့ ဂိမ်းပြိုင်ပွဲလိုမျိုးမှာ အမြင့်ဆုံး စွမ်းဆောင်ရည်အတွက် 320Hz touch rate အထိ ပံ့ပိုးထားပါတယ်။ မှန်ပြင်အောက်မှာတော့ in-display လက်ဗွေနည်းပညာ ပါရှိပါတယ်။ 

အပြောင်းအလဲတစ်ခုက အအေးပေးစနစ်ကို ICE Ag လို့ ခေါ်တဲ့ ငွေပြားသုံး Cooling Pad နဲ့ လာတာပါ။ ICE Ag ဟာ အားသွင်းနေချိန်နဲ့ ဖုန်းအသုံပြုနေချိန် အပူချိန်ထိန်းညှိမှု ပိုကောင်းစေဖို့အတွက် တစ်မိနစ်ကို အကြိမ်ပေါင်း ၁ သောင်းခွဲနှုန်းနဲ့ လည်ပတ်နိုင်မယ့် Built-in Fan တစ်ခု ပါရှိပါတယ်။ 

ဘက်ထရီအနေနဲ့ 4500mAh ပါဝါကိုပဲ ဆက်သုံးထားပြီး 55W fast Charging ပံ့ပိုးထားပါတယ်။ Processor ကိုတော့ အရင် Snapdragon 865 SoC ပဲ သုံးလာပါတယ်။ LPDDR5 RAM 16GB နဲ့ 256GB UFS 3.1 storage အထိ ပံ့ပိုးထားပြီး ဗားရှင်း ၃ မျိုးနဲ့ ထွက်ထားပါတယ်။

Photo: GSMArena


ရှေ့ဘက်မှာ 8MP ကင်မရာ ပါရှိပြီး ကျောဘက်မှာ 64MP Sony IMX685 sensor ၊ 8MP wide-angle ကင်မရာနဲ့ 2MP macro ကင်မရာတွေ သုံးထားပါတယ်။ Gaming Phone ဖြစ်တဲ့အတိုင်း Docking ချိတ်ဖို့အတွက် Side Pins တွေ ပါရှိပြီး အထိအတွေ့သိနိုင်မယ့် Shoulder Buttons များ လည်း ထည့်သွင်းထားပါတယ်။

Red Magic 5S ကို တရုတ်နိုင်ငံမှာ ဩဂုတ်လ ၁ ရက်နေ့က စပြီး ရောင်းချသွားမှာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ထဲကိုတော့ စက်တင်ဘာလထဲမှာ ဝင်ရောက်ဖို့ ရှိပါတယ်။ RAM 8GB/128GB storage ဗားရှင်းကို ၃၇၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ခွဲနီးပါး) ကနေ RAM 16GB/256GB storage ဗားရှင်းကို ၄၉၉၉ ယွမ် (မြန်မာငွေ ၉ သိန်း ၇ သောင်းကျော်) ဈေးတွေနဲ့ ဝယ်ယူနိုင်မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က