Google ကတော့ ACCC ရဲ့ စွဲဆိုချက်တွေကို ငြင်းချက်ထုတ်ထားပါတယ်
Nyein Min Wai

Privacy ကြောင့် တရားစွဲပြီး တစ်နှစ်မပြည့်ခင်မှာ ဩစတြေးလျအစိုးရဟာ Google ကို နောက်တစ်ကြိမ် တရားစွဲလိုက်ပြန်ပြီ ဖြစ်ပါတယ်။

Google ဟာ ပစ်မှတ်ထားကြော်ငြာတွေအတွက် သတင်းအချက်အလက်ရယူဖို့ ကြိုးစားရာမှာ ဩစတြေးလျသုံးစွဲသူတွေကို လှည့်ဖျားမှုလုပ်ခဲ့တယ်ဆိုပြီး ဩစတြေးလျဈေးကွက်ပြိုင်ဆိုင်ရေးနှင့် စားသုံးသူရေးရာ ကော်မရှင် ACCC က တရားစွဲလိုက်တာပါ။ ACCC ရဲ့ ထုတ်ပြန်ချက်မှာ Google ဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ရယူရာမှာ သုံးစွဲသူတွေဆီက ရှင်းလင်းပြတ်သားတဲ့ ခွင့်ပြုချက် ရယူခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။


Photo: pymnts

ACCC ရဲ့ အဆိုအရ Google ဟာ ၂၀၁၆ ခုနှစ် မူဝါဒအပြောင်းအလဲကို ရေလည်အောင် ရှင်းပြမှု မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ မူဝါဒသစ်ဟာ Google မဟုတ်တဲ့ Sites တွေပေါ် Google အကောင့်ပိုင်ရှင်တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းလာတာ ဖြစ်ပါတယ်။ အရင်က အချက်အလက်တွေကို ကြော်ငြာဝန်ဆောင်မှုနည်းပညာကုမ္ပဏီဖြစ်တဲ့ DoubleClick က စုတောင်းတာ ဖြစ်ပြီး အချက်အလက်တွေကို သီးသန့်သိမ်းဆည်းတာပါ။

DoubleClick ဟာ သုံးစွဲသူရဲ့ Google အကောင့်နဲ့ ချိတ်ဆက်ခြင်းလည်း မရှိခဲ့ပါဘူး။ ၂၀၀၈ ခုနှစ်မှာ Google ဟာ DoubleClick ကို ဝယ်ယူလိုက်ပြီး ၂၀၁၆ မှာ မူဝါဒအပြောင်းအလဲ လုပ်ခဲ့ပါတယ်။ Google ရဲ့ကြော်ငြာမူဝါဒအပြောင်းအလဲအရ Google နဲ့ DoubleClick တို့ရဲ့ သုံးစွဲသူအချက်အလက်တွေကို ပေါင်းစည်းလိုက်ပြီးနောက် အချက်အလက်တွေကို ပစ်မှတ်ထားကြော်ငြာမှုမှာ အသုံးချလာတာ ဖြစ်ပါတယ်။

၂၀၁၆ ဇွန်ကနေ ၂၀၁၈ ဒီဇင်ဘာအထိ Google အကောင့်ပိုင်ရှင်တွေဟာ ယင်းတို့ရဲ့ အချက်အလက်ကို ကုမ္ပဏီက ဘယ်လိုရယူနေသလဲဆိုတာနဲ့ ပတ်သက်ပြီး အကောင့်တွေကို မိမိသဘောအလျောက်ရွေးနိုင်မယ့် feature အကြောင်းပြောတဲ့ pop-up တစ်ခု တက်လာတာ တွေ့ခဲ့ရပါတယ်။ သုံးစွဲသူတွေဟာ "သဘောတူပါသည်"ကို နှိပ်လိုက်တာနဲ့ Google ဟာ ကိုယ်ရေးအးချက်အလက်အမျိုးမျိုးကို စတင်ရယူသွားမှာပါ။

Photo: campaignasia

ဒီသတင်း pop-up မှာ သုံးစွဲသူတွေ ဘာကို သဘောတူလိုက်တယ်ဆိုတဲ့ အချက်အလက်ကို လုံလောက်အောင် ရှင်းပြထားခြင်း မရှိဘူးလို့ ACCC က ဆိုပါတယ်။ Google ကတော့ ACCC ရဲ စွပ်စွဲမှုတွေကို ငြင်းပယ်ထားပြီး သုံးစွဲသူတွေ နားလည်လွယ်အောင် အသိပေးခဲ့ကြောင်း Associated Press ကို ပြောပါတယ်။ ACCC အနေနဲ့ Google ကို ဘယ်လောက် ဒဏ်ကြေးသတ်မှတ်မလဲဆိုတာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ Google ဟာ ဖုန်းနဲ့ တက်ဘလက်ပေါ်မှာ တည်နေရာအခြေခံမှုအကြောင်း အန်းဒရိုက်သုံးစွဲသူတွေကို အထင်အမြင်လွဲအောင် လုပ်ခဲ့တယ်ဆိုပြီး ACCC ရဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။


Author


က္က