မပိတ်ခင် ads တွေ ဆက် run နိုင်မှာပါ

လူမှုကွန်ရက်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Facebook ဟာ နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပသွားမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် ၇ ရက်အတွင်း နိုင်ငံရေးကြော်ငြာသစ်များ လက်ခံမှာ မဟုတ်ဘူးလို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အခုထိတော့ Facebook ဟာ လူမှုကွန်ရက်သုံးစွဲသူ အမျိုးမျိုးကို ပစ်မှတ်ထားပြီး လူသိများအောင် မြှင့်တင်မှုလုပ်နေတဲ့ နိုင်ငံရေးကြော်ငြာ ads တွေကို ခွင့်ပြုနေပါတယ်။ Facebook CEO မတ်ခ်ဇူကာဘတ်ဟာ စက်တင်ဘာ ၃ ရက်နေ့မှာ ရွေးကောက်ပွဲကာလ Facebook ရဲ့ စည်းမျဉ်းသစ်တွေအကြောင်း ပို့စ်တစ်ခု တင်ခဲ့ပါတယ်။



Photo: sundiatapost

ဒီပို့စ်ထဲမှာ ရွေးကောက်ပွဲကြော်ငြာကိစ္စတွေပါ ထည့်ပြောထားပါတယ်။ Facebook ဟာ ရွေးကောက်ပွဲကမ်ပိန်း နောက်ဆုံးအပတ်အတွင်း နိုင်ငံရေး ads သစ်တွေကို ပိတ်ပင်မယ်လို့ ဆိုပါတယ်။ 

"ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်အတွင်း ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးနဲ့ issue ads သစ်တွေ လက်ခံမှာ မဟုတ်ပါဘူး။ ကြော်ငြာရှင်တွေဟာ ရွေးကောက်ပွဲနောက်ဆုံးပတ် မရောက်ခင် တင်လက်စ ကြော်ငြာ ads တွေ ဆက်ပြီး လည်ပတ်နိုင်မှာ ဖြစ်သလို ဒီ ads အတွက် ပစ်မှတ်ထားမှုကိုလည်း လိုသလို ချိန်ညှိနိုင်မှာပါ။"လို့ မတ်ခ်ဇူကာဘတ်ရဲ့ ပို့စ်မှာ ဖော်ပြထားပါတယ်။ 

နိုင်ငံရေးကြော်ငြာတွေကိုတော့ အချက်အလက်စစ်ဆေးသူတွေနဲ့ ဂျာနယ်လစ်တွေအပါအဝင် ဘယ်သူမဆို ကြည့်လို့ ရစေဖို့ Ads Library ထဲမှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ Facebook ဟာ နိုင်ငံရေးကြော်ငြာ ads တွေကို Fact-checking မလုပ်တဲ့အပေါ် ဝေဖန်ခံနေရပါတယ်။

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ရုရှားတွေရဲ့ ကြားဖြတ်နှောင့်ယှက်မှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီတွေဖြစ်တဲ့ Facebook ၊ Google ၊ Twitter နဲ့ တစ်ခြားကုမ္ပဏီတွေဟာ အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ လုပ်ဆောင်နေကြပါတယ်။

Photo: indianexpress

မတ်ခ်ဇူကာဘတ်ကတော့ Facebook ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း နိုင်ငံရေးကြားဝင်နှောင့်ယှက်မှု လုပ်နေတဲ့ ကမ္ဘာတစ်လွှားမှ ကွန်ရက်ပေါင်း ၁၀၀ ကျော် ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

"ဒီတစ်ပတ်ထဲမှာပဲ အမေရိကန်တွေကို ဦးတည်ချက်လွဲစေပြီး သွေးကွဲအောင် လုပ်နေတဲ့ အကောင့် ၁၃ ခုနဲ့ page ၂ ခုကို ဖြုတ်ချခဲ့ပါတယ်။"လို့ မတ်ခ်ဇူကာဘတ်ရဲ့ ပို့စ်မှာ ရေးထားပါတယ်။

Share

Loading Next Article...
က္က