Stop Hate for Profit ကမ်ပိန်းစီစဉ်သူတွေနဲ့ တွေ့မှာပါ

Coca-Cola နဲ့ Starbucks အပါအဝင် brand ပေါင်း ၄၀၀ ကျော်ဟာ Facebook မှာ ကြော်ငြာထည့်မှု ရပ်ဆိုင်းတော့မှာပါ။

အမုန်းစကားနဲ့ လူမျိုးရေးခွဲခြားမှုတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့မှု မဖြစ်အောင် ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အမေရိကန်လူ့အခွင့်အရေး အဖွဲ့အစည်းတွေဟာ ပြီးခဲ့တဲ့လထဲမှာ Stop Hate for Profit နာမည်နဲ့ ကမ်ပိန်းတစ်ခုကို စတင်လှုံ့ဆော်ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတွေထဲမှာ NAACP ၊ Color of Change နဲ့ Anti-Defamation League တို့လည်း ပါဝင်ပါတယ်။



Stop Hate for Profit ဟာ လူဖြူကြီးစိုးမှုဝါဒ ၊ လက်နက်ကိုင်ပုန်ကန်မှု ၊ ဆီးမိုက်ဆန့်ကျင်ရေး ၊ အကြမ်းဖက် ပူးပေါင်းကြံစည်မှုများ ၊ ဟောလိုကပ်စ် လူမျိုးတုံးသတ်ဖြတ်မှု ငြင်းဆန်ခြင်း ၊ ဆေးဝါး သတင်းမှားများ နဲ့ ရာသီဥတုပြောင်းလဲရေးအကြောင်း ကွယ်ဝှက်ငြင်းဆန်မှုများကို ပစ်မှတ်ထားတဲ့ Public နဲ့ Private Groups များ ဖော်ထုတ်ဖယ်ရှားဖို့နဲ့ တစ်ခြားတောင်းဆိုချက် ၉ ချက်ပါဝင်တဲ့ တောင်းဆိုမှုများ လုပ်နေတာ ဖြစ်တယ်လို့ CNET သတင်းက ဆိုပါတယ်။ 

Photo: CNN

ဂျော့ချ်ဖလွိုက်သေပြီးနောက် ပလက်ဖောင်းပေါ်မှာ အမုန်းစကားတွေ ပိတ်ပင်ဖို့ လှုပ်ရှားခဲ့တဲ့ ဒီအဖွဲ့အစည်းတွေဟာ Facebook အပါအဝင် လူမှုကွန်ရက် ကုမ္ပဏီတွေကို ဖိအားပေးတဲ့အနေနဲ့ ကြော်ငြာရှင်တွေကို ကြော်ငြာမထည့်ဖို့ တောင်းဆိုလှုပ်ရှားခဲ့ပါတယ်။ Stop Hate for Profit ကမ်ပိန်းမှာ Facebook ကြော်ငြာရှင်ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Verizon ၊ Coca-Cola ၊ Ford ၊ Unilever ၊ Target နဲ့ Pfizer တို့ဟာ Facebook မှာ ကြော်ငြာထည့်သွင်းမှု ရပ်ဆိုင်းခဲ့ပါတယ်။

ကြော်ငြာသပိတ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပါ ဆက်လက်ဖိအားပေးလှုပ်ရှားသွားမယ်လို့ ကမ်ပိန်းမှာ ပါဝင်တဲ့ Common Sense Media ရဲ့ CEO ဂျင်မ်စတီရာက Reuters ကို ပြောထားပါတယ်။ ကမ်ပိန်းမှာ ကုမ္ပဏီပေါင်း ၁၀၀ ကျော် ပါဝင်ပြီး Starbucks လို တစ်ချို့ကုမ္ပဏီတွေကတော့ Stop Hate for Profit ကမ်ပိန်းမှာ မပါပေမယ့် လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ် ကြော်ငြာထည့်သွင်းမှု ရပ်နားသွားမယ်လို့ ကြေညာပါတယ်။

ကြော်ငြာသပိတ်ဟာ Facebook အတွက် ကြီးမားတဲ့ ဘဏ္ဍာရေးသက်ရောက်မှု ဖြစ်လာဖွယ် မရှိဘူးလို့ လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။ Morningstar အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်အတွင်း Facebook ပေါ်က ထိပ်တန်း Brands ၁၀၀ ဟာ Facebook နှစ်စဉ်ကြော်ငြာဝင်ငွေ ဒေါ်လာ ၇၀ ဘီလျံရဲ့ ၆% ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သပိတ်ကြောင့် သောကြာနေ့မှာ ရှယ်ယာ ၈% ကျဆင်းခဲ့ပြီး Facebook ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၅၆ ဘီလျံအထိ လျော့ကျသွားခဲ့ပါတယ်။

Photo: thumbsup

ကြော်ငြာသပိတ်နဲ့ ပတ်သက်ပြီး Facebook မူဝါဒရေးရာ ညွှန်ကြားရေးမှူး နီးလ်ပေါ့တ်စ်နဲ့ ကမ္ဘာ့စီးပွားရေးအဖြေရှာမှု ဒုဥက္ကဌ ကာရိုလင်း အဲဗာဆင်အပါအဝင် Facebook အမှုဆောင်တွေဟာ ကြော်ငြာရှင်တွေနဲ့ အနည်းဆုံး ၂ ကြိမ် တွေ့ဆုံမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ Facebook လုပ်ငန်းလည်ပတ်မှု အမှုဆောင်အရာရှိချုပ် ရှားလ်ဆန်းဘာ့ဂ်ကလည်း ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ Stop Hate for Profit ကမ်ပိန်းကို ဦးဆောင်သူများနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကမ်ပိန်းဦးဆောင်သူတွေကတော့ Facebook အမှုဆောင်အရာရှိချုပ်နဲ့ပဲ တွေ့ဆုံရေး တောင်းဆိုထားပါတယ်။ ကုမ္ပဏီရဲ့ ပြောခွင့်ရ အမျိုးသမီးကတော့ မတ်ခ်ဇူကာဘတ်ဟာလည်း ကမ်ပိန်းခေါင်းဆောင်တွေနဲ့ တွေ့ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က