charger မပါတဲ့ ဖုန်းဗူးတွေ မြင်ရဖို့ ရှိပါတယ်။

ဝယ်သူတွေမှာ charger ရှိပြီးသားဖြစ်တာကြောင့် ၂၀၂၁ ခုနှစ်က စပြီး Samsung ဟာ ဖုန်းဗူးထဲမှာ charger မထည့်တော့ဘူးလို့ သတင်းထွက်နေပါတယ်။

Samsung ဖုန်းတစ်ချို့မှာ charger မပါတော့မယ့်သတင်းကို ကိုရီးယားသတင်းဌာနဖြစ်တဲ့ ETNews မှာ ဖော်ပြခဲ့တာပါ။ ဖုန်း charger တွေကို မထည့်ရတဲ့ အကြောင်းရင်းကတော့ စမတ်ဖုန်း charger တွေ အသုံးတွင်ကျယ်နေခြင်းနဲ့ ကုန်ကျစရိတ်လျှော့ချဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။




Photo: ETNews

အသေးစိတ်အချက်အလက်တွေ မသိရသေးသလို ဖုန်းဗူးထဲ charger ထည့်သွင်းမှု စတင်ရပ်ဆိုင်းမှုကာလကိုလည်း ကြေညာခြင်း မရှိပါဘူး။ ဈေးကွက်ထဲမှာ ဖုန်းတစ်လုံးဝယ်တိုင်း အားသွင်းကြိုး/ခေါင်းတွေဟာ တစ်ခါတည်း ထည့်ပေးရတာ ဖြစ်ပါတယ်။ Samsung ဟာ ၂၀၀၉ ခုနှစ်က စတင်ပြီး စမတ်ဖုန်းတွေ ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာ Samsung ဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်ပြီး နှစ်စဉ် စမတ်ဖုန်းအလုံးရေ သန်း ၄၀၀ ဝန်းကျင်အထိ ထုတ်လုပ်တင်ပို့နေပါတယ်။ Galaxy စီးရီး စမတ်ဖုန်းမိတ်ဆက်တင်ပို့မှု ၁၁ နှစ်ကြာပြီးနောက် ဈေးကွက်အတွင်းစမတ်ဖုန်းသုံးသူတွေမှာ ဖုန်းအားသွင်းကြိုး/ခေါင်းတွေ အလုံအလောက် ရှိနေပြီလို့ ယူဆထားတာပါ။ 

မကြာသေးခင်ကလည်း ဗြိတိန်ရင်းနှီးမြှပ်နှံမှုဘဏ် Barkley ဟာ Apple ဟာ အသစ်ထုတ်သွားမယ့် iPhone တွေမှာ earpod နဲ့ chargers တွေကို ထည့်သွင်းလာဖို့ မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ Apple ဟာ iPhone 12 စီးရီး ဖုန်း‌ဗူးတွေထဲမှာ USB-C to Lightning Cable တစ်ခုပဲ ထည့်သွားမယ်လို့လည်း MacRumors သတင်းက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က