နှစ်အကုန်မှာ Developer တွေအတွက် beta version ထုတ်ပေးသွားမှာပါ

Huawei Developer Conference 2020 ပွဲမှာ HarmonyOS 2.0 ကို ကြေညာသွားပါတယ်။

Huawei ရဲ့ နှစ်စဉ် ကျင်းပနေကျ HDC ပွဲမှာ HarmonyOS update သစ် ကြေညာမှုနဲ့အတူ စိတ်ဝင်စားစရာသတင်းတစ်ခုလည်း ကြားရလာပါတယ်။ Huawei ရဲ့ အလှည့်ကျ CEO ရစ်ချတ်ယုကိုယ်တိုင် အတည်ပြုချက်အရ Huawei ဟာ ၂၀၂၁ ခုနှစ်မှာ HarmonyOS သုံးထားတဲ့ စမတ်ဖုန်းတွေ ဖြန့်ချိတော့မယ် ဆိုတာပါပဲ။



Photo: GSMArena

HarmonyOS သစ်ဟာ စမတ်တီဗွီကနေ စမတ်နာရီများ ၊ စမတ်ဖုန်းများ အထိ စမတ်ထုတ်ကုန်မျိုးစုံမှာ သုံးနိုင်အောင် တည်ဆောက်ထားတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ HarmonyOS ကို Honor Vision စမတ်တီဗွီမှာ ပထမဆုံး သုံးလာခဲ့ပါတယ်။ အသစ်ထွက်လာတဲ့ HarmonyOS 2.0 SDK ကို စမတ်တီဗွီ ၊ စမတ်နာရီနဲ့ Car Head units တွေမှာ သုံးနိုင်မှာပါ။

စမတ်ဖုန်းတွေအတွက် ပထမဆုံး HarmonyOS beta ဗားရှင်းဖြန့်ချိမှုကို Developer တွေအတွက် လာမယ့်ဒီဇင်ဘာလထဲမှာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း Gizmochina သတင်းက ဆိုပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် HarmonyOS သစ်ဟာ စမတ်ထုတ်ကုန်တွေအတွက် ရည်ရွယ်ပြီး ထွက်လာခဲ့တာပါ။

စမတ်ဖုန်း OS ဈေးကွက်မှာ Samsung ရဲ့ Tizen ၊ Amazon ရဲ့ FireOS ၊ Microsoft ရဲ့Window Phone နဲ့ Canonical ရဲ့ Ubuntu တို့ဟာ ထိုးဖောက်နိုင်ခဲ့ခြင်း မရှိဘဲ Google နဲ့ Apple တို့ပဲ ကြီးစိုးနေပါတယ်။ Google ရဲ့ အန်းဒရိုက်စနစ်ကို ပြီးခဲ့တဲ့နှစ်မှာ ထွက်ရှိလာတဲ့ စမတ်ဖုန်းတွေရဲ့ ၈၅.၄% နဲ့ Apple iOS ကို စမတ်ဖုန်းစုစုပေါင်းရဲ့ ၁၄.၆% မှာ သုံးခဲ့တယ်လို့ IDC သုတေသနကုမ္ပဏီရဲ့ အစီရင်ခံစာက ဆိုပါတယ်။

Photo: TechnoSports

ပြီးခဲ့တဲ့နှစ် မေလထဲမှာ အမေရိကန်အစိုးရရဲ့ ကန့်သတ်မှုကြောင့် Huwei ဟာ Google Mobile Services သုံးစွဲမှုမှ ဖယ်ထုတ်ခံခဲ့ရပါတယ်။ ဩဂုတ်လထဲမှာ အမေရိကန်အစိုးရဘက်မှ ယာယီအထွေထွေလိုင်စင် TGL သစ် ဆက်မပေးတော့တာကြောင့် Huawei ထုတ်ကုန်ဟောင်းတွေမှာ Googel ရဲ့ suport နဲ့ updates များ ရယူနိုင်တော့မှာ မဟုတ်ပါဘူး။

Huawei အနေနဲ့ HarmonyOS ကို open source အဖြစ်ပေးသွားမှာ ဖြစ်လို့ ပြင်ပကုမ္ပဏီနဲ့ developers တွေဟာ OS system အလုပ်လုပ်ပုံကို လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်မှာပါ။ IoT ထုတ်ကုန်အသေးစားများအတွက် ထုတ်ပေးထားတဲ့ ကုဒ်ဟာ RAM 128MB နဲ့ အောက်ပဲ ရှိပြီး လာမယ့်နှစ် ဧပြီလထဲမှာ အကြီးစားထုတ်ကုန်တွေအတွက် ကုဒ်ကို အခမဲ့ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။

HarmonyOS ဟာ ွသသါူန


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က