iPhone ထွင်တဲ့လမ်းနောက် လျှောက်ကြတာပါပဲ

ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက သတင်းတွေထွက်ခဲ့တဲ့အတိုင်း Galaxy S21 စီးရီး ဖုန်းဗူးတွေထဲမှာ နားကြပ်နဲ့ charger ပါတော့မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။

ဘရာဇီးဈေးကွက်မှာ ဝင်မယ့် Galaxy S21 စီးရီးတွေအတွက် နိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ Anatel က ထောက်ခံချက်ပေးရာမှာ Galaxy S21 မော်ဒယ်တွေဟာ အားသွင်းကြိုး သို့မဟုတ် နားကြပ်မပါဘဲ ဈေးကွက်မှာ ဖြန့်မယ်လို့ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် iPhone 12 စီးရီးက စတင်ခဲ့တဲ့ Trend တစ်ခု အသက်ဝင်လာပြီဆိုတာပါပဲ။



Photo: xda-developers

iPhone 12 series ဗူးတွေမှာ အားသွင်းကြိုးနဲ့နားကြပ်တွေ ထည့်သွင်းမှုရပ်ဆိုင်းခဲ့စဉ်က အန်းဒရိုက်ဖုန်းကုမ္ပဏီတချို့ဟာ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်ပြောဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ iPhone 7 မှာ 3.5mm headphone jack စပြီး သုံးတော့မှာ မဟုတ်ဘူးလို့ ကြေညာချိန်မှာလည်း Apple ကို လှောင်ပြောင်မှုတွေ ရှိခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ iPhone တွေ ခင်းတဲ့ လမ်းနောက်ကိုပဲ လျှောက်ခဲ့ကြပါတယ်။ iPhone 12 series ဗူးတွေမှာ Charger နဲ့ အားသွင်းကြိုးတွေ ထည့်မပေးတော့ဘူးဆိုတဲ့ သတင်းထွက်လာချိန်မှာ အန်းဒရိုက်ဖုန်းတွေလည်း ဒီနည်းလမ်းကို သုံးတော့မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ တောင်ကိုရီးယားဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ChosunBiz ရဲ့ သတင်းတစ်ပုဒ်မှာ Samsung ဟာ Galaxy S21 စီးရီးမှာ Charger နဲ့ Earphone တွေ ထည့်မပေးဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းထွက်လာပြီးနောက် နှစ်လနီးပါးအကြာမှာ အခုလို အတည်ပြုချက်တွေ ထွက်လာတာ ဖြစ်ပါတယ်။ Samsung Galaxy S21 စီးရီးမှာလည်း iPhone သစ်တွေလိုမျိုး သီးသန့် Charger နဲ့ earbuds တွေ ရောင်းချသွားတော့မှာပါ။ Galaxy S21 စီးရီးကတော့ လာမယ့် ဇန်နဝါရီလလယ်လောက်မှာ မိတ်ဆက်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က