၁၀ မိနစ်ကျော်အတွင်း အားအပြည့်သွင်းနိုင်မှာပါ
Nyein Min Wai

Realme ဟာ ဒီလထဲမှာ ကမ္ဘာ့အမြန်ဆုံး အားသွင်းနည်းပညာသစ်တစ်မျိုးကို ကြေညာသွားဖို့ ရှိပါတယ်။

လက်ရှိဈေးကွက်ထဲ ရောက်နေတဲ့ အမြန်ဆုံးအားသွင်းနည်းပညာဟာ OPPO ရဲ့ 65W SuperVOOC flash charging နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာကို ပြီးခဲ့တဲ့ ဇွန်လက OPPO Ace2 နဲ့ Reno 4 စီးရီးတို့မှာ အသုံးပြုထားပါတယ်။ ဖေဖော်ဝါရီလဲမှာ မိတ်ဆက်သွားတဲ့ Realme X50 Pro ဖုန်းသစ်မှာလည်း 65W SuperDart Flash Charge နည်းပညာ ပါရှိပါတယ်။

Photo: seogoog


65W Super Dart အားသွင်းနည်းပညာဟာ 4200mAh ဘက်ထရီတစ်လုံးကို ၃၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် နည်းပညာဖြစ်ပါတယ်။ နာမည်ကြီး စမတ်ဖုန်းသတင်းသမားတစ်ဦးဖြစ်တဲ့ Ishan Agarwal ကတော့ Realme ဟာ Super Dart ထက် ပိုပြီး အဆင့်မြင့်တဲ့ Ultra Dart အားသွင်းနည်းပညာကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

Realme ကနေ ထုတ်လုပ်နေတဲ့ အားသွင်းနည်းပညာဟာ 100W+ Fast Charging ဖြစ်ပြီး 4000 mAh ဘက်ထရီတစ်လုံးကို အားလုံးဝမရှိတဲ့ အခြေအနေကနေ သုံးပုံတစ်ပုံ အားပြည့်ဖို့အတွက် ၃ မိနစ်ပဲ ကြာမယ်လို့လည်း Agarwal က ပြောထားပါတယ်။ 4000mAh ဖုန်းတစ်လုံးကို အားအပြည့်သွင်းဖို့အတွက် ၁၀ မိနစ် ဝန်းကျင်ပဲ ကြာဖို့ ရှိပါတယ်။


Photo: rmupdate

Agarwal မျှဝေထားတဲ့ ပုံမှာ 11660mA current rating ပံ့ပိုးထားမယ်လို့ ဆိုတာကြောင့် 120W charging speed နီးပါး ပါဝါထောက်ပံ့ပေးနိုင်ဖို့ ရှိပါတယ်။ တစ်နည်းအားဖြင့် ဒီလထဲ ကြေညာသွားမယ့် Realme ရဲ့ charging နည်းပညာသစ်ဟာ 120W Ultra Dart ဖြစ်ဖို့ ရှိပါတယ်။ Ultra Dart နည်းပညာလိုမျိုး xiaomi ကလည်း 100W Supercharge Turbo နည်းပညာကို ကြေညာထားပါတယ်။ 

Xiaomi ကနေ မိတ်ဆက်ထားတဲ့ Supercharge Turbo နည်းပညာ သုံးဖို့အတွက် 120W charger လိုပြီး 4000 mAh ဘက်ထရီတစ်လုံးကို ၁၇ မိနစ်နဲ့ အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ Xiaomi ရဲ့ 120W charger ကို ပြီးခဲ့တဲ့ လကပဲ တရုတ်နိုင်ငံ 3C ထောက်ခံချက်ပလက်ဖောင်းပေါ် တင်ထားတာ ဖြစ်လို့ မကြာခင်မှာ 100W charging နည်းပညာပါ Xiaomi ဖုန်းတွေ ဈေးကွက်ဝင်လာဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က