၂၀၁၆ ကနေ ၂၀၁၉ အတွင်း ထုတ်ခဲ့တဲ့ Galaxy ဖုန်းတွေကို တရားစွဲတာပါ

     IP68 rating ရေစိုခံတယ်ဆိုတဲ့ Galaxy ဖုန်းကြော်ငြာတွေဟာ ဝယ်ယူသူတွေကို အထင်အမြင်လွဲမှားစေတယ်ဆိုပြီး သြစတြေးလျမှ စားသုံးသူအသင်းတစ်ခုက တရားစွဲလိုက်ပါတယ်။

         သြစတြေးလျ ယှဉ်ပြိုင်မှုနဲ့စားသုံးသူ ရေးရာ ကော်မရှင် (ACCC) မှ ဇူလိုင် ၄ ရက်နေ့မှာ Samsung ကုမ္ပဏီကို တရားစွဲလိုက်တာ ဖြစ်ပါတယ်။ Samsung ဟာ ၂၀၁၆ ဖေဖော်ဝါရီလက Galaxy S7 မှာ IP58 rating ရေစိုခံမှုနှုန်းကို ပထမဆုံး သုံးလာခဲ့တာပါ။ Galaxy S7 ရဲ့ နောက်ပိုင်း ထွက်ရှိလာခဲ့တဲ့ Samsung ရဲ့ flagship ဖုန်းတိုင်းမှာ IP68 rating ရေစိုခံမှု ပါလာခဲ့ပါတယ်။



Photo: ACCC

         IP68 rating သုံးထားတဲ့ Galaxy ဖုန်းဟာ ရေအနက် ၁.၅ မီတာ မှာ မိနစ် ၃၀ ကြာ ရေစိမ်ခံတယ်လို့Samsung ကုမ္ပဏီဟာ လူမှုကွန်ရက်မီဒီယာ ၊ အွန်လိုင်း ၊ တီဗွီ ၊ ဘေလ်ဘုတ်တွေမှာ ကြော်ငြာခဲ့တာပါ။ ACCC ဟာ Samsung ကြော်ငြာတွေကို အချက်နှစ်ချက်နဲ့တရားစွဲခဲ့တာ ဖြစ်တယ်လို့The Verge သတင်းမှာ ရေးသားထားပါတယ်။

         ပထမတစ်ချက်ကတော့ Samsung ရဲ့ ကြော်ငြာတွေမှာ IP68 rating ရတဲ့ Galaxy ဖုန်းတွေရဲ့ ရေစိုခံကြောင်း ကြော်ငြာကို ပင်လယ်ကမ်းခြေနဲ့ရေကူးကန်တွေမှာ သုံးပြတာကို တရားစွဲထားတာ ဖြစ်ပါတယ်။ IP68 rating ရေစိုခံနှုန်းဟာ ရေအမျိုးအစားအားလုံးနဲ့အကျုံးဝင်တာ မဟုတ်ဘဲ မိုးရေလို သန့်ရှင်းတဲ့ရေမှာပဲ ရေစိုခံတာပါ။ Galaxy S10 ဖုန်းကြော်ငြာမှာတော့ ကမ်းခြေနဲ့ရေကူးကန်တွေမှာ သုံးဖို့အတွက် အကြံမပြုပါဘူးလို့Samsung ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

          နောက်တစ်ချက်က IP68 rating ရတဲ့ Galaxy ဖုန်းတစ်လုံး ရေစိုမှုဟာ ဖုန်းသက်တမ်းပေါ် ဘယ်လောက် သက်ရောက်မှု ရှိသလဲဆိုတာကို လုံလောက်တဲ့ စမ်းသပ်မှု မလုပ်ထားဘူးလို့ACCC အဖွဲ့အစည်းမှ ထုတ်ပြန်ထားပါတယ်။ Samsung ဟာ ရေနဲ့ထိပြီး ပျက်သွားတဲ့ ဖုန်းပိုင်ရှင်တွေကို warranty အတိုင်း ဝန်ဆောင်မှု ပေးဖို့ငြင်းဆန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: The Verge

         "သြစတြေးလျက ဖုန်းဝယ်သူတစ်ယောက်ဟာ ဖုန်းတစ်လုံး ဝယ်ဖို့ရွေးတဲ့အခါ ရေစိုခံတာကို ဝယ်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုအနေနဲ့ထည့်သွင်း စဉ်းစားတာကို Samsung ဟာ သိပါတယ်။" လို့ACCC ရဲ့ ဥက္ကဌ ရော့ဒ်ဆင်းစ်က ပြောပါတယ်။ " Samsung ဟာ ဖုန်းဝယ်မယ့်သူတွေကို ဆွဲဆောင်ဖို့မဖြစ်သင့်တဲ့ အခြေအနေမျိုးတွေမှာ Galaxy ဖုန်းတွေ သုံးပြခဲ့ပါတယ်။ သြစတြေးလျ စားသုံးသူရေးရာ ဥပဒေအရ စီးပွားရေး လုပ်ငန်းတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ဖောက်သည်တွေကို နားလည်မှု လွဲအောင် မလုပ်ရဘူးလို့" ပါရှိပါတယ်။

         ACCC ဟာ Samsung ရဲ့ ဖုန်းကြော်ငြာ ၃၀၀ ကျော်ကို ကြည့်ပြီး တရားစွဲခဲ့တာလည်း ဖြစ်ပါတယ်။ ACCC ကနေ Samsung ဖုန်းကြော်ငြာတွေကို တရားစွဲတဲ့ အမှုထဲမှာ ၂၀၁၆ ကနေ ၂၀၁၉ အတွင်း ထုတ်လုပ်ခဲ့တဲ့ Galaxy S10/S10e/S10 Plus ၊ Galaxy S9/S9Plus ၊ Galaxy S8/S8 Plus ၊ Galaxy S7/S7 Edge ၊ Galaxy Note 9 ၊ Galaxy Note 8 ၊ Galaxy Note 7 ၊ Galaxy A8/A7/A5 တို့ပါဝင်ပါတယ်။

         Samsung ကတော့ ACCC ရဲ့ တရားစွဲမှုကို ထုချေဖို့အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။ သြစတြေးလျဈေးကွက်မှာ Samsung ဟာ Galaxy အမှတ်တံဆိပ်ဖုန်း အလုံးရေ ၄ သန်းကျော် ရောင်းချထားပါတယ်။

Share

Loading Next Article...
က္က