တရားဝင် ထုတ်ပြန်ချက် မကြားရသေးပါဘူး

Oracle ဟာ TikTok ရဲ့ ယုံကြည်ရတဲ့ နည်းပညာမိတ်ဖက်ကုမ္ပဏီအဖြစ် ရွေးချယ်ခံရတယ်လို့ သတင်းထွက်နေပါတယ်။

TikTok ဟာ Microsoft ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချလိုက်ပြီးနောက် Oracle ကို စီးပွားဖက်အဖြစ် ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Wall Street Journal ကတော့ "ယုံကြည်ရတဲ့နည်းပညာပါတနာ"အဖြစ် ရွေးလိုက်တာလို့ ဖော်ပြထားပါတယ်။



Photo; gistvile

ဒါဟာ TikTokကို အပြတ်ရောင်းချတဲ့ သဘောမဟုတ်ဘဲ အမေရိကန်နိုင်ငံအတွင်း TikTok ရဲ့ စီးပွားရေးလည်ပတ်မှုတွေမှာ Oracle ရဲ့ cloud နည်းပညာတွေနဲ့ လုပ်ဆောင်သွားမယ့် သဘောလို့လည်း ဆိုပါတယ်။Oracle နဲ့ လုပ်ငန်းသဘောတူမှုအကြောင်း သတင်းဟာ Microsoft ကို ByteDance ဘက်မှ ငြင်းပယ်လိုက်ပြီး နာရီပိုင်းအတွင်း သတင်းတွေ ထွက်လာတာပါ။

Microsoft အနေနဲ့ TikTok ရဲ့ အမေရိကန် ၊ ဩစတြေးလျ ၊ ကနေဒါနဲ့ နယူးဇီလန်တို့မှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ဝယ်ဖို့ ညှိနှိုင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီမနက်ပိုင်းမှာပဲ Microsoft ဟာ TikTok ကို ဝယ်ဖို့ အငြင်းခံလိုက်ရကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

Oracle နဲ့ သဘောတူညီမှုအကြောင်း TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထွက်နေမှုအပေါ် မှတ်ချက်မချလိုဘူးလို့ ပြောထားပါတယ်။ TikTok နဲ့ Oracle အကြား သဘောတူညီချက်အကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လုပ်ငန်းရောင်းလိုက်တဲ့ သဘောတော့ မဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။

Photo: cwbnlive


ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ၄၅ ရက်အတွင်း နိုင်ငံထဲမှာ ရှိတဲ့ TikTok ရဲ့ လုပ်ငန်းများ အမေရိကန်ကုမ္ပဏီတစ်ခုဆီ မရောင်းချပါက ပိတ်သိမ်းသွားမယ့်အကြောင်း အထူးအမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးမီကလည်း တရုတ်အစိုးရအာဏာပိုင်တွေအနေနဲ့ TikTok ကို ရောင်းချဖို့ထက် ပိတ်သိမ်းဖို့ကို ပိုလိုလားတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က